ဖလမ်းကတိုက်ပွဲ ဖြစ်တဲ့ရွာအနီးမှာ ​ဒေသခံမ သန်စွမ်းအမျိုးသားတဦး သတ်ဖြတ်ခံထားရ

ချင်းပြည်နယ်၊ ဖလမ်းမြို့နယ် ဘွာလ်သဲရွာဝန်းကျင် တောတွင်းတနေရာမှာ သတ်ဖြတ်ခံထားရတဲ့ ဒေသ ခံ မသန်စွမ်းအမျိုးသားတဦးရဲ့ ရုပ်အလောင်းကို နိုဝင်ဘာ (၂၂) ရက် ဒီကနေ့မှာ ရှာဖွေတွေ့ရှိနယ်လို့သိရပါတယ်။

” ပျောက်တာက နှစ်ယောက်ပျောက်နေတာ၊ အမျိုးသားတစ်ယောက်၊ အမျိုးသမီးနှစ်ယောက်၊ နှစ်ယောက်လုံးက စိတ်ကျန်းမာရေးချို့တဲ့နေကြတယ်ပြောတယ်၊ အမျိုးသားအလောင်းကိုတော့တွေ့ပြီ၊ အမျိုးသမီးကတော့ သေလားရှင်လားမသိရသေးဘူး ” လို့ ဖလမ်းဒေသခံတစ်ဦးက ပြောပါတယ်။

ဖလမ်းမြို့နယ်က သီးလ်ဘွာလ်ကျေးရွာနဲ့ ဘွာလ်သဲကျေးရွာဝန်းကျင်မှာ ဒေသခံကာကွယ်ရေးတပ် တွေနဲ့ စစ်ကောင်စီတပ်တွေ နိုဝင်ဘာ (၁၅) ရက်စပြီး တိုက်ပွဲဖြစ်နေကြလို့ ဒေသခံတွေ တိမ်းရှောင်နေကြရတာပါ။

ဒီကနေ့ ရုပ်အလောင်းတွေ့ရတဲ့ အသက် (၅၆) နှစ်အရွယ် မွေးရာပါမသန်စွမ်းအမျိုးသားဟာ သားဟာ ဘွာလ်သဲရွာခံဖြစ်ပြီး နောက်ကြောမှာ ရိုက်နက်ထားတဲ့ ဒဏ်ရာဒဏ်ချက်တွေနဲ့အတူ နံကြားမှာ သေ နတ်ဒဏ်ရာနှစ်ချက်နဲ့ သေဆုံးနေတာဖြစ်တယ်လို့ ဆိုပါတယ်။

အဲ့ဒီလို ဒဏ်ရာတွေနဲ့ သေဆုံးနေတဲ့ ဒေသခံအ မျိုးသားကို စစ်ကောင်စီတပ်က သတ်ဖြတ်သွားတာဖြစ်နိုင်တယ်လို့ ဒေသတွင်းကာကွယ်ရေးတပ်တွေနဲ့ ဒေသခံတွေကဆိုပါတယ်။

ဒေသခံကာကွယ်ရေးပူးပေါင်းတပ်တွေနဲ့ စစ်ကောင် စီတပ်တွေတိုက်ပွဲဖြစ်နေချိန် နိုဝင်ဘာ ( ၁၉) ရက်နေ့မှာ သေဆုံးသူ ဦးဟောက်ကျုံးနူန်နဲ့အဒေါ်ဖြစ်တဲ့ ဒေါ် နူးဆိုင် တို့ပျောက်ဆုံးသွားခဲ့တာဖြစ်တယ်လို့သိရပါတယ်။ ဒေါ်နူးဆိုင်ဟာ စိတ်ကျန်းမာရေးချို့တဲ့နေတဲ့အမျိုးသမီးတစ်ဦးဖြစ်တယ်လို့ဆိုပါတယ်။

တိုက်ပွဲမဖြစ်ခင်ကတည်းကတခြားရွာသားတွေကတိမ်းရှောင်ကြပေမယ့် သူတို့နှစ်ဦးဟာ စိတ်ကျန်းမာရေးချိူ့ယွင်းနေတာကြောင့် ရွာကို တိတ်တဆိတ်အပြန်မှာ စစ်ကောင်စီ စစ်ကြောင်းနဲ့ တိုးမိတာဖြစ်နိုင်တယ်လို့ ဒေသခံတွေကယူဆကြပါတယ်။

ဖလမ်းမြို့နယ်က အဲ့ဒီတိုက်ပွဲမှာ မြေပြင်စစ်ကောင် စီတပ်ဖွဲ့တွေအထိနာနေတယ်လို့ချင်းကာကွယ်ရေးတပ်တွေက ထုတ်ပြန်ထားပါတယ်။စစ်ကောင်စီကလည်း လေကြောင်းတိုက်ခိုက်မှုတွေပါပြုလုပ်နေတာကြောင့် ဒေသခံတွေဟာဘေးလွတ်ရာကိုရှောင်နေကြရတယ်လို့ ဖလမ်းဒေသခံတွေဆီကသိရပါတယ်။