အင်းစိန်က Textile အထည်ချုပ်စက်ရုံ ပိတ်ရက်အတွက် လစာဖြတ်လို့ အလုပ်သမားတွေ မကျေနပ်

ရန်ကုန်မြို့၊အင်းစိန်မြို့နယ်မှာ လုပ်ငန်းလည် ပတ်နေတဲ့ Textileအထည်ချုပ်စက်ရုံဟာ ပိတ် ရက်တွေအတွက် လစာဖြတ်လို့ အလုပ်သမား တွေက မကျေနပ်ဘဲ ဖြတ်ထားတဲ့ ငွေကြေး ပြန်ပေးဖို့ ဒီကနေ့မနက်ပိုင်းမှာ စုပေါင်း တောင်း ဆိုခဲ့ကြရတယ်လို့ သိရပါတယ်။

အဲ့ဒီစက်ရုံက အောက်တိုဘာလအတွင်း အလုပ် ပိတ်ရက်ရှစ်ရက်အတွက် ကျွမ်းကျင် ကြေး ဆိုတဲ့ခေါင်းစဉ်နဲ့လုပ်ခလစာထဲကဖြတ်တောက်ထားတာကိုဒီနေ့လစာထုတ်ချိန်မှာသိရတာဖြစ်တယ်လို့စက်ရုံကအလုပ်သမားတွေကပြောပါတယ်။

“တစ်သိန်းရမယ့်သူကခြောက်သောင်းလောက်ဘဲရပြီးလေးသောင်းအဖြတ်ခံရတာ၊ဒါကိုအလုပ်သမားတွေကမကျေနပ်လို့စက်ရုံထဲထိုင်ပြီးတောင်းဆိုကြတာ”လို့အဲဒီစက်ရုံအလုပ်သမားတစ်ဦးကပြောပါတယ်။

အလုပ်သမားတွေကဖြတ်ထားတဲ့ပိုက်ဆံပြန်မပေးရင်မပြန်ဘူးဆိုတဲ့အတွက်စက်ရုံတာဝန်ရှိသူတွေက နိုဝင်ဘာ (၈)ရက်မှာ ပြန်ဖြည့် ပေးမယ်လို့နှုတ်ကတိပေးပြီး ပြန်လွှတ်လိုက် တယ်လို့ဆိုပါတယ်။

“ဒီနေ့စနေနေ့ဆိုတော့ နေ့တစ်ဝက်ပြန်လွှတ်တာ၊ စက်ရုံဘက်က အလုပ်သမားတွေပြန်အောင်လို့ ပြီးပြီးရောပြောတာလားဘာလားတော့မသိဘူး၊အဲဒီနေ့မှသိရမှာ၊မရရင်တော့ တောင်းဆိုတာဆက်လုပ်ကြဖို့ရှိတယ်၊အခုတော့ပြန်ကုန်ပြီ”လို့ အလုပ်သမားတစ်ဦးကပြောပါတယ်။

အဲဒီစက်ရုံဟာ အလုပ်သမားတစ်ထောင်ကျော်နဲ့ လည်ပတ်နေတဲ့ စက်ရုံဖြစ်တယ်လို့သိရပါတယ်။