ပေါင်းတည် PDF စခန်းနား စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်တပ် မိုင်းဆွဲခံရပြီး ခြောက်ဦး ထက်မနည်းသေ

photo PPDF
ပဲခူးတိုင်းအနောက်ပိုင်း ၊ပေါင်းတည်မြို့နယ်ထဲက ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့စခန်းတခုနား စစ် ကြောင်း ထိုးလာတဲ့ စစ်ကောင်စီတပ်ကို မိုင်းဆွဲတိုက်ခိုက်ရာမှာ ခြောက်ဦးထက်မနည်းသေဆုံးပြီး အများအ ပြား ဒဏ်ရာရတယ်လို့ ပေါင်းတည်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PPDF)ပြောရေးဆိုခွင့်ရှိသူက DNA ကိုပြော ပါတယ်။
“ညတည်းကစစ်သားတွေ စစ်ကြောင်းထိုးဖို့ပြင်နေကတည်းက ကျွန်တော်တို့လည်းပြင်ဆင်ထားတာပါ”လို့ သူကပြောပါတယ်။
စစ်ကောင်စီစစ်ကြောင်းဟာ အောက်တိုဘာ (၂၇)ရက် ဒီကနေ့နေ့လယ်ပိုင်းမှာ အင်အားခြောက်ဆယ်ဝန်း ကျင်နဲ့ PPDF စိုးမိုးနယ်မြေထဲကို စစ်ကြောင်းထိုးလာတာဖြစ်ပြီး မိုင်းဆွဲတိုက်ခိုက်ခံရအပြီးမှာ ပခုံးထမ်း လောင်ချာ RPG၊၄၀ မမလက်နက်ကြီးတွေနဲ့ ရမ်းပစ်တာတွေရှိတယ်လို့ ဆိုပါတယ်။
အဲ့ဒီလို ရမ်းသမ်းပစ်ခတ်မှုတွေရှိတာကြောင့် တိုက်ခိုက်မှုဖြစ်တဲ့နေရာအနီးက စစ်ဘေးရှောင်ပြည်သူတွေကို ဘေးလွတ်ရာ ထပ်မံရွှေ့ပြောင်းပေးထားရတယ်လို့ PPDF ပြောရေးဆိုခွင့်ရှိသူကပြောပါတယ်။
ဒီကနေ့ မိုင်းဆွဲတိုက်ခိုက်မှုနဲ့ ပစ်ခတ်မှုတွေဖြစ်ခဲ့တဲ့ နေရာ အနီးက လဲပင်ကျေးရွာကို အခုနှစ်မတ်လအတွင်း စစ်တပ်က စစ်ကြောင်းထိုးခဲ့ဖူးပြီး နေအိမ်တွေကိုလည်း မီးရှို့ခဲ့တာကြောင့် ရွာခံတွေဟာ အဲ့ဒီကတည်းက စစ် ဘေးရှောင်နေကြရတာဖြစ်ပါတယ်။
လဲပင်ကျေးရွာဟာ ၂၀၁၄ခုနှစ်သန်းခေါင်စာရင်း အချက်အလက်တွေအရ စုစုပေါင်းလူဦးရေ (၂၅၀၀) ကျော် နေထိုင်တဲ့ ကျေးရွာတရွာဖြစ်ပါတယ်။
စစ်ကောင်စီတပ်တွေဟာ ပေါင်းတည်မြို့နယ်အတွင်းက သိမ်ကုန်းရွာမှာ အထိုင်စခန်းချထားပြီး မကြာခဏ စစ်ကြောင်းထိုးလေ့မရှိပေမဲ့ စစ်ကြောင်းတွေပြန်မဆင်းမချင်း ထိတွေ့တိုက်ပွဲ‌တွေဆက်ဖြစ်လာနိုင် တယ်လို့ PPDF ပြောရေးဆိုခွင့်ရှိသူကပြောပါတယ်။