ကလေးမြို့နယ်တွင်းက ကျောင်းသားလူငယ်တွေရဲ့ သပိတ်

photo-CJ
ကလေးမြို့ပင်မသပိတ်အင်အားစုဟာ အခုရက်ပိုင်းအတွင်း မြို့နယ်တွင်းကကျောင်းသားလူ ငယ်တွေရှိရာကိုသွား ရောက်ပူးပေါင်းပြီး စစ်အာဏာရှင်ဆန့်ကျင်ရေးသပိတ်တွေပြုလုပ်နေတယ်လို့ သပိတ်အင်အားစုတွေဆီ ကသိရ ပါတယ်။
” မြို့နယ်ထဲမှာ ကျောင်းသားလူငယ်တွေကိုစုပြီး ပညာသင်ကြားပေးနေတဲ့နေရာတွေရှိတယ်၊ အဲ့ဒီနေရာတွေကို သွားရောက်ပူးပေါင်းပြီး ဟောပြောစည်းရုံးတာရော၊ သပိတ်ရောလုပ်ကြတယ်၊ မီးရှို့ခံထားရတဲ့ မြို့နယ်တောင်ပိုင်း က တက်ကြွတယ်” လို့ သပိတ်အင်အားစုအဖွဲ့ဝင်တစ်ဦးကပြောပါတယ်။
ကလေးမြို့ပင်မသပိတ်အင်အားစုနဲ့ကျောင်းသားလူငယ်တွေဟာ ဒီကနေ့ အောက်တိုဘာ (၁၈) ရက်မှာလည်း “ထကြွတော်လှန်၊ကျောင်းသားထုအားမာန်” ခေါင်းစဥ်နဲ့ ဟောပြောမူတွေပြုလုပ်ပြီး စစ်အာဏာရှင်ကို ဆန့်ကျင် သပိတ်မှောက်ခဲ့ကြပါတယ်။
ကလေးမြို့ပင်မသပိတ်ဟာ စစ်အာဏာရှင်စနစ်ကို ပျက်ရက်မရှိ သပိတ်မှောက်လာတာရက်ပေါင်း (၆၁၉) ရက်ရှိခဲ့ပြီဖြစ်ပါတယ်။