ယောကာကွယ်ရေးတပ် စစ်ဦးစီးချုပ် ရာထူးကနေ နှုတ်ထွက်

ယောကာကွယ်ရေးတပ် (YDF) စစ်ဦးစီးချုပ် ကိုဘလိူင်ဟာ သူ့ရဲ့ သဘောဆန္ဒအလျောက် ရာထူးကနေ နူတ်ထွက်ဖို့ ဗဟိုကော်မတီကို အသိပေးပြောကြားခဲ့ရာ အောက်တိုဘာလ (၁၅) ရက်နေ့မှာ နှုတ်ထွက်ခွင့်ပြုလိုက်ပြီဖြစ်တယ်လို့ YDF ဗဟိုကော်မတီက ထုတ်ပြန်ပါတယ်။
“သဘောထားမတိုက်ဆိုင်တာလေးတွေရှိမယ်ဗျ။ ပုဂ္ဂိုလ်ရေးမကျေနပ်ချက်တွေလည်း ရှိမယ်ဗျ။ တော်လှန်ရေးကိုငြီးငွေ့သွားတာတော့မဟုတ်ဘူး။ တော်လှန်ရေးအတွက် အခြားနေရာကနေ သူလုပ်မယ်လို့ပြောတယ်။ သေချာတာကတော့ သူတော်လှန်ရေးကိုငြီးငွေ့သွားတာမဟုတ်ဘူး” လို့ YDF ဗျူဟာမှူးသခင်ဇော်က DNA ကိုပြောပါတယ်။
စစ်ဦးစီးချုပ်ဟာ အောက်တိုဘာလ (၁၂) ရက်နေ့မှာကျင်းပတဲ့ ဗဟိုကော်မတီအစည်းအဝေးမှာ ရာထူးကနေနူတ်ထွက်မှာဖြစ်ကြောင်း အသိပေးပြောကြားခဲ့တာဖြစ်ပြီး ဗဟိုကော်မတီရဲ့ တတိယအစည်းအဝေးမှာ အဖွဲ့တွေအားလုံးရဲ့သဘောတူညီချက်နဲ့ ခွင့်ပြုပေးခဲ့တာလို့
ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ စစ်ဦးစီးချုပ်ရာထူးနေရာ အစားထိုးခန့်အပ်မှုကိုလည်း မကြာခင်ထုတ်ပြန်ပေးသွားမယ်လို့ ဆိုပါတယ်။
YDF ဒုစစ်ဦးချုပ် ကိုဖြိုးဝေစိုးဟာလည်း အောက်တိုဘာလ (၉) ရက်နေ့က ဂန့်ဂေါမြို့နယ် မြောက်ပိုင်းကန်ရွာရဲစခန်းက ရဲတွေနဲ့ အနီးကပစ်ခတ်မှုအတွင်းမှာ ကျဆုံးခဲ့ပါတယ်။ ဒုစစ်ဦးစီးချုပ်ကျဆုံးပြီး တစ်ပတ်အကြာမှာ စစ်ဦးစီးချုပ် ရာထူးကနေနှုတ်ထွက်သွားခဲ့တာလည်း ဖြစ်ပါတယ်။