ငါန်းဇွန်မြို့နယ်အတွင်းမှာ စစ်တပ်ယာဉ်တန်း ပဒေသာမိုင်းထိပြီး ကိုးဦးသေ

 
 
မန္တလေးတိုင်း၊မြင်းခြံခရိုင် ငါန်းဇွန်မြို့နယ်အတွင်းမှာ စစ်ကောင်စီယာဉ်တန်းကို ပဒေသာမိုင်းနဲ့ ဖောက်ခွဲ တိုက် ခိုက်ရာမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်ကိုးဦးသေပြီး ထိခိုက်ဒဏ်ရာရသူ တွေ လည်းများတယ်လို့ နောင်ရိုးအထူ းပြောက်ကျားတပ်(NYSGF)ပြန်ကြားရေးတာဝန်ခံက DNA ကိုပြောပါတယ်။
 
“မိုင်းဆွဲခံရအပီးမှာ အလောင်းတွေ ဒဏ်ရာရတဲ့သူတွေ ကားပေါ်ဆွဲတင်လာတာ ဒေသခံတွေအကုန်မြင်ရတာပါ၊ မြှပ်ဖို့ ကျင်းတူးနေတာက အစ သတင်းရပါတယ်”လို့ သူက ပြောပါတယ်။ဒါ့အပြင် အတွင်းသတင်း တွေအရ လည်း စစ်ကောင်စီဘက်က သေဆုံးထိခိုက်မှုကို အတည်ပြုနိုင်တယ်လို့ဆိုပါတယ်။
 
မြင်းခြံမြို့နယ် ဆီမီးခုံမြို့မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်တွေထဲက ကားငါးစီးနဲ့ထွက်ခွာလာတဲ့ ယာဉ်တန်းကို ငါန်းမြာ-ငါန်းဇွန်ကားလမ်းမပေါ်မှာ ပဒေသာမိုင်း ခုနစ်လုံးနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့သိရပါတယ်။
 
အဲ့ဒီလိုတိုက်ခိုက်ရာမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေလိုက်ပါလာတဲ့ ကားကြီးနှစ်စီးကို တည့်တည့်ထိမှန်ခဲ့ပြီး တစီး က လမ်းဘေးထိုးကျပျက်စီးသွားခဲ့တယ်လို့ နောင်ရိုး အထူးပြောက်ကျားတပ်က ဒီကနေ့ညပိုင်းမှာ ထုတ် ပြန်ပါ တယ်။
 
အဲ့ဒီတိုက်ခိုက်မှုကို နောင်ရိုးအတူးပြောက်ကျားတပ်နဲ့ မြင်းခြံခရိုင်တပ်ရင်းအမှတ်(၁)27 Revolution Force တို့က လုပ်ဆောင်ခဲ့တာဖြစ်ပြီး ဖောက်ခွဲမှုလုပ်ဆောင်ခဲ့တဲ့ တပ်ဖွဲ့ဝင်တွေ အထိအခိုက်မရှိ ပြန်ဆုတ်ခွာနိုင်ခဲ့ တယ်လို့ ထုတ် ပြန်ချက်မှာဖော်ပြထားပါတယ်။
 
ငါန်းမြာ-ငါန်းဇွန်ကားလမ်းမပေါ်မှာပြီးခဲ့တဲ့ ဩဂုတ်လအတွင်းကလည်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေလိုက်ပါလာတဲ့ အိမ်စီးကား တစီးကို နောင်ရိုးအထူးပြောက်ကျားတပ်နဲ့ ဒေသတွင်း ကာကွယ်ရေးတပ်ဖွဲ့တွေပူးပေါင်းပြီး မိုင်းဆွဲ တိုက်ခိုက်ခဲ့လို့ စစ်ကောင်စီတပ်ဖွဲ့ဝင်နှစ်ဦးသေဆုံးခဲ့ပါသေးတယ်။
နောင်ရိုးအထူးပြောက်ကျားတပ်ဟာ ဒေသတွင်း တော်လှန်ရေးတပ်ဖွဲ့တွေနဲ့အတူ မြင်းခြံမြို့နယ်၊ ငါန်းဇွန်မြို့နယ် တွေအပါအဝင် မြင်းခြံခရိုင်အတွင်း တော်လှန်တိုက်ခိုက်မှုတွေမှာ ပါဝင်လှုပ်ရှားနေတဲ့တပ်ဖွဲ့ဖြစ်တယ်လို့ သိရပါတယ်။
 
Delta News Agency Telegram Link – https://t.me/deltanewsagencymedia
Delta News Agency YouTube Link – https://youtube.com/c/DeltaNewsAgency
Delta News Agency Website Link – https://deltanewsagency.com