မုံရွာမြို့ နမခ ဌာနချုပ်နဲ့ သာစည်ကျေးရွာအကျဥ်းထောင် လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခံရ

photo -social media
မုံရွာမြို့က အနောက်မြောက်ပိုင်းစစ်ဌာနချုပ်နဲ့မုံရွာမြို့နယ် သာစည်ကျေးရွာမှာ အသစ်ဆောက်လုပ်ထားတဲ့ အ ကျဥ်းထောင်တို့ကို အောက်တိုဘာ (၉) ရက်သီတင်းကျွတ်လပြည့်နေ့မှာ ကာကွယ်ရေးပူးပေါင်းတပ်တွေက လက် နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Chindwin Attack Force ပြန်ကြားရေးတာဝန်ခံက DNA ကိုပြောပါတယ်။
“ပစ်ရတဲ့ရည်ရွယ်ချက်ကတော့ရှင်းပါတယ်၊စစ်ကြောင်းထွက်ရင် နမခ တို့ကနေထွက်တာလေ၊ စစ်ကြောင်း ထွက်တော့ သူတို့မိသားစုတွေကျန်ခဲ့တယ်၊သူတို့တွေစစ်ကြောင်းထွက်နေတုန်းမှာ သူတို့မိသားစုတွေကို လုံခြုံမှု မပေးနိုင်ဘူးဆိုတာသိအောင်ပါ” လို့တာဝန်ခံကပြောပါတယ်။
မုံရွာမြို့အနောက်မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကို မနက်တစ်နာရီဝန်းကျင်မှာ တိုက်ခိုက်ခဲ့တာဖြစ်ပြီး သာစည်ရွာ အကျဥ်းထောင်ကို ညရှစ်နာရီမှာ ပစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ Chindwin Attack Force က ထုတ်ပြန် ထားပါတယ်။
“သာစည်အကျဥ်းထောင်က စဆောက်ကတည်းက နိုင်ငံရေးသမားတွေကိုထားဖို့ဆောက်နေတာဖြစ်တယ်၊ဖြိုချဖို့ အတွက် plan အနေနဲ့လုပ်တယ်၊အဲ့ဒီထောင်ကို ကျွန်တော်တို့တိုက်တာခုရောဆိုခြောက်ကြိမ်လောက်ရှိပြီ” လို့ Chindwin Attack Force တာဝန်ခံကပြောပါတယ်။
မုံရွာမြို့က အနောက်မြောက်တိုင်းစစ်ဌာနချုပ်ဟာလည်း ဒေသတွင်းကာကွယ်ရေး တပ်ဖွဲ့တွေရဲ့ ပစ်ခတ်တိုက် ခိုက်မှုနဲ့ မကြာခဏရင်ဆိုင်ရလေ့ရှိပါတယ်။
ပစ်ခတ်တိုက်ခိုက်ရာမှာ လက်လုပ် ၄၀ မမ၊ ၆၀ မမ၊ ၁၀၀ မမ၊ ၁၂၀ မမလက်နက်ကြီး တွေကိုအသုံးပြုခဲ့ပြီး စစ် ဌာ နချုပ်ကို ဆယ့်ငါးလုံး၊ အကျဥ်းထောင်ကို ဆယ့်ရှစ်လုံးပစ်ခတ်ခဲ့ကာ ထိခိုက်သေဆုံးမှုကိုတော့ မသိရဘူးလို့ ဆိုပါ တယ်။
အဲ့ဒီပစ်ခတ်တိုက်ခိုက်မူကို မုံရွာခရိုင်ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း- ၂ ၊တပ်ခွဲ – ၄ Fight for People ၊ Feature Star၊ Cobra Special Forces( csf LPDF)၊ Thousand of Sliver Star တို့က လုပ် ဆောင်ခဲ့ တာဖြစ် တယ်လို့သိရပါတယ်။