မန္တလေး – မုံရွာလမ်းပေါ် မှာ ဒေသခံတော်လှန်ရေးအဖွဲ့တွေနဲ့ ပျူစောထီးတွေ ထိတွေ့တိုက်ပွဲဖြစ်

Photo-CJ
အောက်တိုဘာလ (၈) ရက်နေ့၊ ညကိုးနာရီကျော်လောက်မှာ အကြမ်းဖက်စစ်ကောင်စီကို တိုက်ခိုက်ဖို့အတွက် ဒေသခံတော်လှန်ရေးအဖွဲ့တွေက မန္တလေး – မုံရွာ ကားလမ်းမပေါ် မှာ မိုင်းတပ်ဆင်နေချိန် အနီးမှာရှိတဲ့ တောပုရွာက ပျူစောထီးတွေနဲ့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ Chindwin Attack Force ပြန်ကြားရေး တာဝန်ခံက DNA ကိုပြောပါတယ်။
“ကျနော်တို့ မိုင်းထောင်နေတဲ့အဖွဲ့ကို လုံခြုံရေးယူပေးနေတဲ့ ကင်းပွိုင့်တွေရှိတယ်။ မိုင်းထောင်နေတဲ့ ဆီကို ပျူစောထီးတွေလာတော့ အဲဒီ့ကျနော်တို့ ကင်းပွိုင့်တွေကနေ စပစ်တာ” လို့ဆိုပါတယ်။
တော်လှန်ရေးအဖွဲ့တွေဘက်က မိုင်းဆင်နေစဥ်မှာ ကင်းလှည့်လာတဲ့ ပျူစောထီးတွေနဲ့တွေ့ပြီး ထိတွေ့တိုက်ပဲဲဖြစ်ခဲ့တာလို့ Chindwin Attack Force ရဲ့ ထုတ်ပြန်ချက်မှာလည်း ဖော်ပြထားပါတယ်။
နှစ်ဖက်အပြန်အလှန်ပစ်ကြပြီးနောက် တပ်တွေပြန်အဆုတ်မှာ မိုင်းခွဲတိုက်ခိုက်ခဲ့အတွက် ပျုစောထီးတွေဘက်က ထိခိုက်တာမျိုးလည်း ရှိနိုင်တယ် ၊ ဒေသခံတော်လှန်ရေးအဖွဲ့တွေ ဘက်ကတော့ ထိခိုက်မှု မရှိခဲ့ဘူးလို့ ပြန်ကြားရေးတာဝန်ခံက ဆက်ပြောပါတယ်။
တိုက်ခိုက်မူကို မုံရွာခရိုင်ပြည်သူ့ကာကွယ်ရေးတပ်မတော် (Chindwin Attack Force) တပ်ရင်း – ၂ တပ်ခွဲ – ၂ ၊ Monwya Special ဒိတ်ဒိတ်ကြဲ PDF ကဆောင်ရွက်ခဲ့ကြတယ်လို့ သိရပါတယ်။
အောက်တိုဘာလ ၈ ရက်နေ့မနက် တစ်နာရီဝန်းကျင်လောက်ကလည်း Chindwin Attack Force ရဲ့ တပ်ရင်း – ၄ တပ်ခွဲ – ၄ ဟာ မအူကျေးရွာက စစ်ကောင်စီဂိတ်ကိုဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။