မကွေးတိုင်း၊ရေစကြိုမြို့နယ်မှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ သင်တန်းသားတွေနေတဲ့ စခန်းတခု စီးနင်း ဖျက်ဆီး ခံရလို့ ကျပ်သိန်းငါးရာဝန်းကျင် တန်ဖိုးရှိတဲ့အသုံးအဆောင်တွေ ဆုံးရှုံးခဲ့တယ်လို့ ရေစကြိုပကဖက ထုတ်ပြန် ပါတယ်။
“ကျွန်တော်တို့စခန်းကို စကစတွေ လာတာက လမ်းပြပါလာတယ်”လို့ ရေစကြိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ သ တင်းထုတ်ပြန်ရေး တာဝန်ခံက DNAကိုပြောပါတယ်။
စစ်တပ်က စက်တင်ဘာ (၁၆)ရက် မနေ့ မနက်အစောပိုင်းမှာ အဲ့ဒီစခန်းကို ဝင်ရောက်စီးနင်းဖျက်ဆီးခဲ့ တာဖြစ်ပြီး တပ်ဖွဲ့ဝင်တွေနဲ့သင်တန်းသားတွေ အထိအခိုက်မရှိဆုတ်ခွာနိုင်ခဲ့ပေမယ့် စခန်းကအဆောက် အအုံတွေနဲ့ကားတ စီးအပါအဝင် အသုံးအဆောင်တွေလည်း ဆုံးရှုံးခဲ့တယ်လို့ သိရပါတယ်။
“ထိခိုက်ဆုံးရှုံးနစ်နာမှုတွေအတွက် ပြည်သူတွေအနေနဲ့ တတ်နိုင်သလောက် ကူညီပေးကြဖို့လည်း မေတ္တ ာရပ်ခံ ချင်ပါတယ်၊ကျွန်တော်တို့အနေနဲ့ အကောင်းဆုံးဖြစ်အောင် ပြန်လည်လုပ်ဆောင်သွားမှာလည်း ဖြစ်ပါတယ်”လို့ ရေစကြို ပကဖ သတင်းထုတ်ပြန်ရေးတာဝန်ခံက ဆိုပါတယ်။
စစ်တပ်က စခန်းကိုစီးနင်းလို့ ဆုံးရှုံးခဲ့တဲ့အထဲ လက်နက်တွေတော့ မပါဘူးလို့လည်း သူကပြောပါတယ်။
ရေစကြိုမြို့နယ်မှာ အကြမ်းဖက်စစ်တပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေအကြား တိုက်ပွဲတွေမကြာခဏ ဖြစ်နေပြီး အကြမ်းဖက်စစ်တပ်က ဒေသတွင်းကျေးရွာတွေထဲ လှည့်လည်စစ်ကြောင်းထိုးပြီး လုယက် အကြမ်း ဖက်တာတွေ နေ့စဉ်လုပ်နေတယ်လို့ ဒေသခံတွေကပြောပါတယ်။