ကန့်ဘလူနယ် ညောင်ကုန်းရွာကို စစ်တပ်က မီးရှို့လို့ နေအိမ် အလုံး သုံးဆယ် ပြာကျ

Photo – Google

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ် ညောင်ကုန်းရွာကို အကြမ်းဖက်စစ်ကောင်စီတပ်တွေက ဝင်ရောက် မီးရှို့ဖျက်ဆီးလို့ နေအိမ် အလုံး (၃၀) ပျက်စီး ဆုံးရှုံးခဲ့တယ်လို့ ဒေသခံတွေက DNA ကို ပြောပါတယ်။

“သူတို့ဝင်လာတော့ ရွာမှာတစ်ယောက်မှမကျန် တော့ဘူး၊ ရွာသားတွေအကုန်လုံး ထွက်ပြေးနေကြရ တာ၊ ဘာပစ္စည်းမှလည်း ယူချိန်မရှိဘူး၊ ပြေးရတာ တော့ ခဏခဏပဲ၊ ဒီတစ်ခါတော့ ပြန်စရာအိမ်မရှိ အောင်ကိုဖြစ်သွားတယ်” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

စစ်ကောင်စီတပ်ဟာ ဩဂုတ်လ ၂၂ ရက် ညနေပို င်းမှာ ညောင်ကုန်းရွာကိုဝင်ရောက်မီးရှို့ခဲ့တာဖြစ်ပြီး နေအိမ်တွေအပြင် ကား၊ ဆိုင်ကယ် နဲ့ အခြား တန်ဖိုး ကြီး ပစ္စည်းတွေပါ ပျက်စီးဆုံးရှုံးခဲ့တယ်လို့ သိရပါတယ်။

“အခုကရွာအခြေအနေလောက်ပဲသွားကြည့်လို့ရသေးတယ်၊ အကုန်တောထဲမှာပဲနေကြရတာ၊ အိမ်က အဖေနဲ့အမေ ဘယ်လိုနေကြရလဲမသိဘူး၊ ကျွန် တော်တို့က အဝေးမှာဆိုတော့ ဘာမှမတတ်နိုင်ဘူး၊ အမေကတော့ ငိုပဲငိုနေတာ၊ တဲထိုးပြီးနေရ တယ်လို့ တော့ပြောတယ်” လို့ စစ်ဘေးရှောင်​နေရတဲ့ ဒေသခံတွေနဲ့နီးစပ်သူတစ်ဦးက ဆိုပါတယ်။

စစ်ကောင်စီတပ်တွေဟာ ညောင်ကုန်းရွာအနောက် မြောက်ဘက်ကို ဒီ​နေ့မနက်ပိုင်းကထွက်ခွာသွားပြီး လက်ခုပ်ပင်ရွာအရှေ့ဘက်ခြမ်းက တောတိုက်တွေ မှာ ရောက်ရှိနေတာကြောင့် ကောလင်း နဲ့ကျွန်း လှမြို့နယ်အစပ် ကျေးရွာတွေက ပြည်သူတွေ သတိ ရှိကြဖို့ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့က အသိပေးထားပါတယ်။

ဒီနေ့ သြဂုတ် ၂၃ရက် မွန်းလွဲပိုင်းမှာတော့ ကျွန်းလှ- ကန့်ဘလူ-ကောလင်း အစပ်က လက်ခုပ်ပင်ရွာနဲ့ အောင်ချမ်းသာရွာကြားမှာ ပြည်သူ့ကာကွယ် ရေးတပ်တွေနဲ့ စစ်ကောင်စီတပ်တွေ ထိတွေ့တိုက်ပွဲ ဖြစ်ကြပြီး အကြမ်းဖက်စစ်ကောင်စီက လေ ကြောင်းနဲ့ပစ်ခတ်ကာ စစ်ကူတွေလည်း ချပေးနေ တယ်လို့ သိရပါတယ်။

ကန့်ဘလူနယ်ထဲစစ်ကြောင်းထိုး​နေတဲ့စစ်ကောင်စီတပ်ဟာ သြဂုတ် ၁၇ ရက်ကလည်း ကန့်ဘလူမြို့ နယ်မြောက်ခြမ်းက ပင့်သာရွာကို ဝင်ရောက် ဖျက်ဆီီးရှို့ခဲ့လို့ နေအိမ် ၂၈လုံး မီးလောင်ပျက်စီးခဲ့ ပါသေးတယ်။