စစ်ရှောင်ပြည်သူ ၄၀၀ ကျော်အတွက် အကူအညီပေးကြဖို့ လောင်းရှည် PDF မေတ္တာရပ်ခံ

စစ်ရှောင်ပြည်သူ ၄၀၀ ကျော်အခက်အခဲတွေဖြစ်နေလို့ အကူအညီတွေပေးကြဖို့ လောင်းရှည် ဒေသလုံးဆိုင်ရာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ Laung She Regional People’s Defence Force က ဒီနေ့ ဇူလိုင် ၁၂ ရက်နေ့မှာ မေတ္တာရပ်ခံပန်ကြားပါတယ်။
မကွေးတိုင်း၊ ဂန့်ဂေါခရိုင် လောင်းရှည် ထိန်းချုပ်နယ်မြေအတွင်းမှာ စိုက်ခင်းကျေးရွာ၊ အိုင့်ကြီးကျေးရွာ၊ ဖလံမကျေးရွာ မတွေမှ စစ်ဘေးရှောင်ပြည်သူ ၄၀၀ ကျော်အတွက် လိုအပ်တဲ့ ကာကွယ်စောင့်ရှောက်မှုတွေ လိုအပ်နေတယ်လို့ဆိုပါတယ်။
စစ်ဘေးရှောင်ပြည်သူတွေအတွက် ကျန်းမာရေးနဲ့ညီညွတ်တဲ့ နေရာထိုင်ခင်း၊ မိုးကာ၊​​ စောင်​၊ ခြင်​​ထောင်၊ စားနပ်ရိက္ခာ၊ အဝတ်အထည်၊ တစ်ကိုယ်ရည်သုံးပစ္စည်းနဲ့ ဆေးဝါးတွေလိုအပ်နေပြီး အတတ်နိုင်ဆုံး ကူညီရှာဖွေ ထောက်ပံ့ပေးနေကြောင်း ပြည်သူတွေအနေနဲ့လည်း ချိတ်ဆက်ကူညီပေးကြဖို့ တောင်းဆိုထားပါတယ်။