ဒီပဲယင်း စစ်ရှောင်ပြည်သူတွေ စားနပ်ရိက္ခာ အကူအညီ အရေးပေါ် လိုအပ်နေ

အကြမ်းဖက် စစ်အုပ်စုနဲ့ PDF တပ်တွေကြား တိုက်ပွဲပြင်းထန်နေတဲ့ စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ် စစ်ရှောင်ပြည်သူ တစ်ထောင်ကျော်လောက်ဟာ နေစရာအမိုးအကာနဲ့အခြေခံစားသောက်ကုန်တွေ အရေးပေါ် လိုအပ်နေတယ်လို့ The 74 media က ဖော်ပြထားပါတယ်။
စစ်ရှောင်ပြည်သူတွေဟာ ဘုန်းကြီးကျောင်း၊ စာသင်ကျောင်း၊ ဘုရားတွေနဲ့ သစ်ပင်အောက်တွေမှာ တဲထိုးနေကြရတယ်လို့ ဆိုပါတယ်။ စစ်ရှောင်အများစုဟာ မုံရွာနဲ့ ခင်ဦးမြို့နယ်တို့က ဒေသခံပြည်သူတွေ ဖြစ်ကြပြီး ဒီပဲယင်းမြို့ကို လာရောက်စစ်ရှောင်တာ ၉ လခန့် ရှိပါပြီ။
အရင်က စစ်ရှောင်ရာမှာ အသက်အရွယ်ကြီးသူတွေက နေခဲ့ပြီး တိမ်းရှောင်လေ့ရှိပေမယ့် နေအိမ်တွေကိုပါ မီးရှို့ဖျက်ဆီးတာကြောင့် အသက်အရွယ်ကြီးသူများပါမကျန် စစ်ဘေးရှောင်နေကြတယ်လို့ သိရပါတယ်။
မင်းဆွေနှစ်ကျေးရွာဟာ အိမ်ထောင်စု ၅၀၀ ကျော်ရှိပြီး လူဦးရေ ၂၀၀၀ ကျော် နေထိုင်ပါတယ်။ စစ်ကိုင်းတိုင်းမှာ အင်တာနက် ဖြတ်တောက်ခံထားရပြီး အကြမ်းဖက်စစ်အုပ်စုတပ်နဲ့ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်တို့ တိုက်ပွဲပြင်းထန်နေပြီး စစ်ဘေးရှောင်နေသူ တစ်သိန်းကျော်ရှိနေပြီ ဖြစ်ပါတယ်။
Source- The 74 Media