မြန်မာစစ်အုပ်စု ပြည်သူတွေအပေါ် အကြမ်းဖက်တာချက်ချင်းရပ်ဖို့ ဂျပန်ကာကွယ်ရေးဝန်ကြီးပြော

အကြမ်းဖက်စစ်အုပ်စုအနေနဲ့ ပြည်သူတွေအပေါ် အကြမ်းဖက်တာကို ချက်ချင်းရပ်ဖို့ ဂျပန်ကာကွယ်ရေးဝန်ကြီးက ပြောကြားလိုက်ပါတယ်။
ဇွန်လ ၂၂ ရက်နေ့၊ ကမ္ဘောဒီးယားနိုင်ငံ၊ ဖနွမ်းပင်မှာ ပြုလုပ်တဲ့ အာဆီယံ-ဂျပန်ကာကွယ်ရေးဝန်ကြီးတွေရဲ့ဆွေးနွေးပွဲမှာ ဂျပန်ကာကွယ်ရေးဝန်ကြီးက စစ်အုပ်စုကိုယ်စားလှယ် မြထွန်းဉီးကို အဲဒီလိုပြောကြားခဲ့တာလို့ The Japan Times သတင်းဌာနက ဖော်ပြခဲ့ပါတယ်။
အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံရဲ့အခြေအနေဟာ ဘာမှတိုးတက်လာတာမရှိဘူးလို့လည်း ဂျပန်ကာ ကွယ်ရေးဝန်ကြီးက ပြောပါတယ်။
ဇွန် ၂၂ ရက်နေ့မှာပြုလုပ်တဲ့ အာဆီယံ ကာကွယ်ရေးဝန်ကြီးတွေရဲ့အစည်းအဝေးမှာ မြန်မာနိုင်ငံကိုချန်လှပ်ထားဖို့ အာဆီယံအဖွဲ့ဝင်နိုင်ငံတချို့နဲ့ ပြည်တွင်းပြည်ပအဖွဲ့အစည်းပေါင်း ၆၅၀ ကျော်က ကန့်ကွက်ခဲ့ပေမဲ့ အာဆီယံအလှည့်ကျဥက္ကဌကမ္ဘောဒီးယားနိုင်ငံက တက်ရောက်ခွင့်ပြုခဲ့တာပါ။
အာဆီယံ ကာကွယ်ရေးဝန်ကြီးတွေရဲ့ အစည်းအဝေးနဲ့ တစ်ဆက်တည်းမှာပဲ အာဆီယံ-ဂျပန်ကာကွယ်ရေးဝန်ကြီးတွေရဲ့ အစည်းအဝေးကို ကျင်းပခဲ့ပါတာပါ။