စစ်အုပ်စုသတင်းတွေကို ပေးပို့ကြဖို့ NUG အစိုးရ ဖိတ်ခေါ်

စစ်အုပ်စုရဲ့ အကြမ်းဖက်မှုနဲ့ စစ်တပ်ဆိုင်ရာသတင်းအချက်အလက်တွေကို ပေးပို့ ကြဖို့ NUG ကာကွယ်ရေးဝန်ကြီးဌာနက ဖိတ်ခေါ်လိုက်ပါတယ်။
အကြမ်းဖက်စစ်တပ်၊ ရဲနဲ့ထောက်တိုင်တွေရဲ့ လှုပ်ရှားမှုနဲ့ကိုယ်ရေးအချက်အလက်တွေ၊ စစ်ရာဇဝတ်မှုတွေ၊အကြမ်းဖက်မှုတွေ၊ စစ်ယာဉ်တန်း ရွေ့လျားမှုတွေ၊ တပ်တည်၊ တပ်လှုပ်တွေနဲ့ ဒေသတွင်း အရေးကြီးဖြစ်စဉ်တွေကို သတင်းပေးပို့ကြဖို့ ဖိတ်ခေါ်တာပါ။
‘မြန်မာ့နွေဦးတော်လှန်ရေးဟာ ရက်(၅၀၀) ပြည့်မြောက်ခဲ့ပါပြီ။
ရက်(၅၀၀)အတွင်းမှာ ခုခံတွန်းလှန်စစ်ဟာ အတိုင်းအတာတစ်ခုထိ ခရီးပေါက်မြောက်ခဲ့ပါတယ်။
လာမယ့်ကာလတွေဟာ စစ်အုပ်စုရဲ့ အရှိုက်ကို ထိချက်မိမိထိုးနှက်ရမယ့်ကာလတွေ ဖြစ်လာပါလိမ့်မယ်။
စစ်ကောင်စီအရှိုက်ကို ထိချက်မိမိထိုးနှက်နိုင်ဖို့ မှန်ကန်တိကျတဲ့သတင်းအချက်အလက်ရရှိရေးဟာ အထူးအရေးပါ အရာရောက်လာပါတယ်’လို့ NUGကာကွယ်ရေးဝန်ကြီးဌာနက ဆိုပါတယ်။
ဒါ့ကြောင့် စစ်တပ်နဲ့ပတ်သက်သမျှ သတင်းအချက်အလက်တွေက info2mod (Telegram)နဲ့ info2mod@mod.nugmyanmar.org အီးမေးလ်တို့ထံ သတင်းတပ်သားအဖြစ် ပေးပို့ကြဖို့ မေတ္တာရပ်ခံထားပါတယ်။