ဖလမ်းမြို့ အ.ထ.က ၂ ကျောင်းအနီး ဗုံးပေါက်ကွဲ

ချင်းပြည်နယ်၊ ဖလမ်းမြို့၊ ကျင်မွှာလ်ရပ်ကွက်မှာရှိတဲ့ အ.ထ.က ၂ ကျောင်းအနီးမှာ ဇွန် ၁၃ ရက် ည ၁၀ နာရီ လောက်က ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
အသံဗုံးပေါက်ကွဲတာ ဖြစ်ပေမယ့် အကြမ်းဖက်စစ်သားတွေကတော့ ဗုံးပေါက်ကွဲမှု ဖြစ်ပွားပြီးနောက်မှာ သေနတ်တွေနဲ့ ရမ်းသမ်းပစ်ခတ်တာတွေ လုပ်ဆောင်ခဲ့တယ်လို့ ​ဆိုပါတယ်။
ပြည်တွင်းမှာ အာဏာသိမ်းအကြမ်းဖက်စစ်တပ်ကို အလိုမရှိတာကြောင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေအနေနဲ့ ရရာလက်နက်ကို ကိုင်စွဲတော်လှန်ချိန်မှာ အခုလိုဗုံးဖောက်ခွဲတဲ့လုပ်ရပ်ဟာ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေအပေါ် အများပြည်သူအနေနဲ့ အထင်မြင်လွဲမှားအောင် အကြမ်းဖက်စစ်တပ်က လုပ်ဆောင်တာဖြစ်နိုင်တယ်လို့လည်း ဒေသခံတွေက သုံးသပ်ကြပါတယ်။
“အသံဗုံးပါ။ သူတို့ဟာနဲ့သူတို့ လုပ်ပြီးတော့ တပ်လှန့်ခြိမ်းခြောက်တာပါ။ ဘာထိခိုက်မူမှမရှိပါဘူး။ ကျမတို့မြို့သူမြို့သားတွေ ထိတ်လန့်အောင်လုပ်တာ သက်သက်ဖြစ်တယ်” လို့ အသက်လေးဆယ်အရွယ် ဖလန်းမြို့သူတစ်ဦးက ဆိုပါတယ်။
ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ အချို့ကတော့ ကလေးတွေအနေနဲ့ အေးချမ်းစွ ာပညာသင်ကြားနိုင်ရေးအတွက် ကျောင်းတွေကို ပစ်မှတ်ထားတိုက်ခိုက်တာတွေ လုပ်ဆောင်မှာ မဟုတ်ဘူးလို့ ထုတ်ပြန်ထားတာတွေလည်း ရှိပါတယ်။
အခုလိုဖြစ်စဥ်တွေ ဖြစ်လာခဲ့ရင်လည်း ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေနဲ့ မသက်ဆိုင်ဘူးလို့ ဖော်ပြထားပါတယ်။