မင်းတပ် ကလေး တစ်ဦး စစ်ဘေးရှောင်နေစဉ် သေဆုံး

ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်၊ ပူကွန်းရွာသားတွေ ၃ ရက်ကြာစစ်ဘေးရှောင်နေစဉ် အတွင်းကိုယ်ဝန်ဆောင်မိခင်တစ်ဦးရဲ့ကလေးသေဆုံးသွားတယ်လို့ သိရပါတယ်။
အကြမ်းဖက်စစ်တပ်ဟာ ဇွန်၁၁ရက်နေ့ကနေ ၁၄ရက်နေ့အထိ ပူကွန်းရွာထဲ တပ်စွဲနေထိုင်စဉ် ပူကွန်းရွာသား တွေထွက်ပြေးတိမ်းရှောင်ခဲ့ရခြင်းဖြစ်ပါတယ်။
စစ်ဘေးရှောင်ကလေးငယ် ဘာ့ကြောင့်သေဆုံးသွားသလဲဆိုတာကိုတော့ မဖော်ပြထားပါဘူး။
အကြမ်းဖက်စစ်တပ်က ပူကွန်းကျေးရွာမှာ တပ်စွဲထား စဉ် ပြည်သူပိုင် ဆန်၊ ကြက်၊ ၀က်နဲ့ ဆိတ်တို့ကို သတ်စားကြပြီး ပြည်သူပိုင်ပစ္စည်းတွေကိုဖျက်ဆီးကာ လူနေအိမ် (၃) လုံးကို ဖျက်ဆီးသွားကြတယ်လို့ဒေသတွင်းမီဒီယာ Zalen က ဖော်ပြပါတယ်။
ဇွန်လ၁၃ရက်နေ့ညမှာ မင်းတပ်CDF က ပူကွန်းရွာထဲကစစ်တပ်ကို သွားရောက်ပစ်ခတ်ပြီးနောက် ဇွန်၁၄ရက်နေ့မနက်မှာ မင်းတပ်မြို့ဆီ ပြန်လည်ဆုတ်ခွာသွားကြကြောင်းသိရပါတယ်။