ရွှေပြည်သာ ဏ/၁၄ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး ဝင်ရောက်ပစ်ခတ်ခံရ

ရန်ကုန်မြို့ ရွှေပြည်သာမြို့နယ် ဏ/၁၄ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးအတွင်းကို အမည်မသိ အမျိုးသား၃ဦးက သေနတ်နဲ့ ဝင်ရောက်ပစ်ခတ်ခဲ့ရာ ၁ဦးသေဆုံးသွားပြီး ၁ဦးအပြင်းအထန်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီကနေ့ မေလ ၂၈ရက်နေ့ မွန်းလွဲ ၁၂နာရီ ၄၅မိနစ်လောက်မှာ အမျိုးသား၃ဦးက ထောက်ခံစာလုပ်ချင်တယ်လို့ အကြောင်းပြကာ ရုံးခန်းအတွင်း ဝင်ရောက်ပြီး ပစ်ခတ်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
“ထောက်ခံစာ လုပ်ချင်လိုဆိုပြီး ရုံးထဲ ၀င်သွားတယ်။ ပြီးတော့မှသေနတ်ထုတ်ပြီး ပစ်လိုက်တာ။ရုံးစောင့်နှစ်ယောက်မှာ တယောက်ကတော့ သေသွားတယ်။ နောက်တယောက်ကတော့ ဗိုက်ကို ရှပ်ထိသွားတယ်၊သေပြီလို့လဲ ကြားတယ်”လို့ အခင်းဖြစ်စဉ်မှာ အနီးဝန်းကျင်ကို ရောက်ရှိနေတဲ့ အမျိုးသားတစ်ဦးက DNAကိုပြောပါတယ်။
ဏ/၁၄ရပ်ကွက်ရုံးမှာ ကျောင်းအပ်နှံရေးအတွက် ထောက်ခံစာတွေ လာရောက်လုပ်ဆောင်နေသူတွေနဲ့ နေ့စဉ်စည်ကားနေပြီး နေ့လည်ပိုင်း လူနည်းပါးချိန်မှာ အခုလို ဝင်ရောက်ပစ်ခတ်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။