ပြည်သူအပေါ် ဗိုလ်ကျနေတယ်ဆိုတဲ့ ပျူတစ်ဦးကို ရှင်းလိုက်ကြောင်း ကြေညာ

ပြည်သူအပေါ် ဗိုလ်ကျနေတယ်ဆိုတဲ့ ပျူစောထီးတစ်ဦးကို ရှင်းလင်းလိုက်ကြောင်း Wundwin Township Revolution Force က ဒီကနေ့ ထုတ်ပြန်ပါတယ်။
သခွတ်မြင့်ကျေးရွာက ပျူသင်တန်းဆင်း ကျော်ဝင်းဟာ စစ်အုပ်စုနဲ့ ပူးပေါင်းကာ ရပ်ရွာနေပြည်သူတွေအပေါ် မဟုတ်မမှန်သတင်းတွေနဲ့ လုပ်ကြံစွပ်စွဲကာ ဒုက္ခအမျိုးမျိုးပေးခြင်း၊ အုပ်ချုပ်ရေးမှူးနဲ့ ရပ်ရွာအတွင်း ပျူတွေကို ဦးဆောင်ကာ ဗိုလ်ကျနေခြင်း၊ ငြိမ်းငြိမ်းချမ်းချမ်းနေနေတဲ့ ပြည်သူတွေကိုလည်း ခြိမ်းခြောက်ကာ ငွေညှစ်ခြင်းတို့ ပြုလုပ်နေတာကြောင့် WTRF က ဒီနေ့မနက် ၉ နာရီ မိနစ် ၂၀ မှာ
ရှင်းလင်းလိုက်တာလို့ ဆိုပါတယ်။