ကယန်းသာယာ လမ်းခွဲအနီးမှာ စစ်အုပ်စုဝင် ၁ ဦး စနိုက်ပါနဲ့အပစ်ခံရပြီး သေ

ကယားပြည်နယ် (ကရင်နီ) လွိုင်ကော်မြို့နယ် ကယန်းသာယာလမ်းခွဲအနီးမှာ လွိုင်ကော် PDF ရဲ့ ပြောက်ကျား စနိုက်ပါ ပစ်ခတ်မှုကြောင့် စစ်အုပ်စုက ၁ ဦး သေဆုံးသွားခဲ့တယ်လို့ လွိုင်ကော် PDF က သတင်းထုတ်ပြန်လာခဲ့ပါတယ်။
ဒီကနေ့ မေလ ၁၂ ရက်နေ့ မနက် ၉ နာရီ မိနစ် ၂၀ လောက်မှာ လွိုင်ကော် PDF တပ်ခွဲ(၅)၊ KA နဲ့ KNDF တပ်ရင်း (၂) ပူးပေါင်း စနိုက်ပါတပ်ဖွဲ့က ကယန်းသာယာ လမ်းခွဲအနီးမှာ ပစ်ခတ်မှုအတွင်း စစ်အုပ်စုက ၁ ဦး သေဆုံးခဲ့တာပါ။
တိုက်ပွဲဖြစ်ပွားခဲ့တဲ့ လမ်းခွဲအနီးတဝိုက်ကိုလည်း ပြည်သူတွေအနေနဲ့ ရှောင်ရှားသွားလာကြဖို့ လွိုင်ကော် PDF က သတိပေးထားပါတယ်။

Delta News

Read Previous

ပြည်သူအပေါ် ဗိုလ်ကျနေတယ်ဆိုတဲ့ ပျူတစ်ဦးကို ရှင်းလိုက်ကြောင်း ကြေညာ

Read Next

ဂန့်ဂေါဘက် တက်လာတဲ့ အကြမ်းဖက်တပ် ပုလဲမှာ မိုင်းဆွဲခံရပြီး ၆ ဦးသေ