ရေဖြူမြို့နယ်မှာ သွေးသောက်အဖွဲ့ခေါင်းဆောင်ဆိုသူတစ်ဦး ရှင်းလင်းခံရ

တနင်္သာရီတိုင်း ရေဖြူမြို့နယ် နဘုဘယ်ဒေသ ပရဒတ်ကျေးရွာမှာ ပျူစောထီးအဖွဲ့ဝင်ဖြစ်ပြီး သွေးသောက်အဖွဲ့ရဲ့ ခေါင်းဆောင်ဆိုသူ ဦးညီညီကို အမည်မသိသေနတ်သမားတစ်ဦးက ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီကနေ့ မေလ ၁၀ရက်နေ့ နေ့လည်ပိုင်းမှာ ဦးညီညီဟာ ပရဒတ်ကျေးရွာကနေ သူရဲ့ ခြံကို သွားတဲ့လမ်းမှာ အမည်မသိသေနတ်သမားက သေနတ်နဲ့ ၈ချက်ပစ်ခတ်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
“သူ့အစ်ကို မင်းမင်းဆိုတာလည်း ပျူစောထီးပဲ၊ သူက ပျူစောထီးအဖွဲ့ကနေ သွေးသောက်အဖွဲ့ဆိုပြီး ဖွဲ့ပြီးတော့ ခေါင်းဆောင်လုပ်နေတာလို့ ကြားတယ်၊ သူ့အစ်ကို မင်းမင်းရဲ့ အိမ်လဲ လွန်ခဲ့တဲ့ တစ်လကျော်လောက်က မီးရှို့ခံရသေးတယ်၊ သူတို့ မူးယစ်ဆေးရောင်းနေတဲ့သူတွေ စစ်တပ်က သူတို့ကို မြှောက်ပေးထားတာ”လို့ ဒေသခံတစ်ဦးကပြောပါတယ်။
ပစ်ခတ်မှုနဲ့ ပက်သက်ပြီး ဘယ်အဖွဲ့အစည်းက လုပ်ဆောင်ခဲ့တယ်ဆိုတာကိုတော့ သီးခြားသတင်းထုတ်ပြန်လာတာ မရှိသေးပါဘူး။