တွစ်တာရဲ့ ၀င်ငွေကို၂၀၂၈ခုနှစ်မှာ ‌ဒေါ်လာ ၂၆ ဘီလီယံအထိ တိုးလာဖို့ Elon Musk ရည်မှန်းထား

အီလွန်မက်စ်ဟာ တွစ်တာရဲ့ နှစ်စဉ် ၀င်ငွေကို ၂၀၂၈ ခုနှစ်မှာ ဒေါ်လာ ၂၆ ဒဿမ ၄ ဘီလီယံအထိ တိုးမြှင့်ဖို့ ရည်မှန်းထားပြီး ဒါဟာ ပြီးခဲ့တဲ့နှစ်ကထက် ၅ ဘီလီယံ တိုးမြင့်လာတယ်လို့ New York Times သတင်းဌာနကက သောကြာနေ့မှာ အီလွန်မက်စ်ရဲ့  ရင်းနှီးမြုပ်နှံသူတွေဆီ ရှင်းလင်းတင်ပြချက်ကို ကိုးကားပြီးဖော်ပြခဲ့ပါတယ်။

ကြော်ငြာလုပ်ငန်းဟာ၂၀၂၀ ခုနှစ်မှာ ၉၀% ကျဆင်းရာကနေ  အီလွန်မက်စ်ရဲ့ လက်အောက်မှာ စုစုပေါင်းဝင်ငွေရဲ့ ၄၅% ထိသာ ကျဆင်းသွားမှာ ဖြစ်ပြီး ၂၀၂၈ခုနှစ်မှာ ဝင်ငွေ ၁၂ ဘီလီယံရရှိမယ်လို့ အဲ့ဒီအစီရင်ခံစာက ဆိုပါတယ်။

 ၂၀၂၈ ခုနှစ်မှာတော့ ဝင်ငွေဒေါ်လာ ၁၂ ဘီလီယံရရှိနိုင်ပြီး စာရင်းသွင်းမှုများအတွက် နောက်ထပ်ဒေါ်လာ 10 ဘီလီယံအထိ ရရှိနိုင်မယ်လို့မျှော်လင့်ထားကြောင်း အစီရင်ခံစာမှာဖော်ပြထားပါတယ်။

လျှပ်စစ်ကားထုတ်လုပ်သူ Tesla (TSLA) ရဲ့ အကြီးအကဲလည်းဖြစ်တဲ့ အီလွန်မက်စ်ဟာ တွစ်တာရဲ့ ငွေကြေးလည်ပတ်မှုကို ၂၀၂၅ ခုနှစ်မှာ ဒေါ်လာ ၃ ဒဿမ ၂ ဘီလီယံနဲ့ ၂၀၂၈ ခုနှစ်မှာ ဒေါ်လာ ၉ ဒဿမ ၄ ဘီလီယံထိ တိုးမြှင့်သွားဖို့ ရည်မှန်းထာတယ်လို့လည်း သိရပါတယ်. 

အီလွန်မက်စ်ဟာ ပြီးခဲ့တဲ့လက တွစ်တာကို ဒေါ်လာ ၄၄ ဘီလီယံ ငွေသားနဲ့ ဝယ်ယူခဲ့ဖို့ သဘောတူညီချက်ရခဲ့တယ်လို့ သိရပါတယ်။ 

ကမ္ဘာလုံးဆိုင်ရာခေါင်းဆောင်တွေအပါအဝင် သန်းနှင့်ချီတဲ့လူတွေ သုံးစွဲတဲ့ တွစ်တာ ဆိုရှယ်မီဒီယာပလက်ဖောင်းကို ထိန်းချုပ်မှုဟာ ပိုင်ရှင်သစ် အီလွန်မက်စ်ရဲ့လက်ထက်မှာ ပြောင်းလဲသွားလိမ့်မယ်လို့ အများစုက သုံးသပ်ကြပါတယ်။

Source:Reuters