စစ်အုပ်စုရဲ့ ခွင့်ပြုချက်နဲ့ သယ်တဲ့ ဘိန်းထုတ်တွေကို PDFဖမ်းမိ

စစ်အုပ်စုရဲ့ လက်အောက်ခံတွေဖြစ်တဲ့ စရဖနဲ့ ရဲတပ်ဖွဲ့ရဲ့ ခွင့်ပြုချက်လက်မှတ်တွေနဲ့ သယ်ဆောင်လာတဲ့ မူးယစ်ဆေးဝါး ဘိန်းအထုတ် တစ်သောင်းနှစ်ထောင်ကျော်ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ သိမ်းဆည်းရမိခဲ့တယ်လို့ တနင်္သာရီကာကွယ်ရေး ပြောက်ကျားတပ်ဖွဲ့က သတင်းထုတ်ပြန်လာခဲ့ပါတယ်။
မနေ့က မေလ ၇ရက်နေ့မှာ တနင်္သာရီကာကွယ်ရေးပြောက်ကျားတပ်ဖွဲ့က ရှေ့တန်းထွက်လာစဉ်မှာ လှေတစ်စီးနဲ့ လူ၃ဦးကို တားဆီးစစ်ဆေးရာမှ စစ်အုပ်စုရဲ့ ခွင့်ပြုချက်နဲ့ တင်ဆောင်လာတဲ့ ဘိန်းထုတ်တွေကို ဖမ်းဆီးရိခဲ့တာပါ။
ဖမ်းဆီးရမိတဲ့ ဘိန်းထုတ်တွေကိုတော့ မီးရှို့ဖျက်ဆီးခဲ့တယ်လို့ တနင်္သာရီကာကွယ်ရေးပြောက်ကျားတပ်ဖွဲ့က ဆိုပါတယ်။