စစ်ဘေးရှောင်ပြည်သူတွေကိုကလေး PDFတပ်ဖွဲ့ဝင်တွေ စုပေါင်းကူညီ

အကြမ်းဖက်စစ်အုပ်စုရဲ့ စစ်ကြောင်းထိုး ဖျက်ဆီးမှုတွေကြောင့် ထွက်ပြေးတိမ်းရှောင်နေရတဲ့ စစ်ဘေးရှောင်ပြည်သူတွေကို PDF – Kalay ( တပ်ရင်း -၂ )နဲ့ ( တပ်ရင်း -၅ )တပ်ဖွဲ့ဝင်တွေ စုပေါင်းပြီး ထောက်ပံ့ကူညီမှုတွေ လုပ်ဆောင်ခဲ့တယ်လို့ ကလေးPDFက ဒီကနေ့ မေလ ၇ရက်နေ့မှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။
“ဖက်ဆစ်တပ်ဟာ ဖက်ဆစ်အပြုအမူတိုင်း ယုတ်မာကောက်ကျစ်တာ အားလုံးအသိပဲဖြစ်ပါတယ်တယ်။ ပြည်သူရဲ့ ဒဏ်ရာဟာ ကျနော်တို့ရဲ့ ဒဏ်ရာဖြစ်လို့ နှစ်ဆနာကျည်း ၊ နှစ်ဆတော်လှန်ကြရအောင်ပါ။ ဒီအမှောင်ထုကြီးကို အတူတူကျော်ဖြတ်ကြတာပေါ့”လို့ ကလေးPDFက ဆိုပါတယ်။
စစ်ဘေးရှောင်ပြည်သူတွေအတွက် ဆန်၊ဆီ၊ဆား၊ ခေါက်ဆွဲခြောက်၊ အဝတ်အထည်၊ အမျိုးသမီးအသုံးအဆောင်ပစ္စည်းတွေနဲ့ ယာယီတဲတွေမှာ အသုံးပြုဖို့ မိုးကာတွေကို သက်ဆိုင်ရာတာဝန်ရှိသူတွေထံကို ကလေး PDFတပ်ဖွဲ့ဝင်တွေက လှူဒါန်းခဲ့တာပဲဖြစ်ပါတယ်။