တောင်ငူမြို့မှာ လေပြင်းတိုက်ခတ်မှုကြောင့် ဆိုင်ခန်းအချို့နဲ့ ဓာတ်တိုင်တွေ ပျက်စီး

ဓာတ်ပုံ-CJ
ပဲခူးတိုင်း တောင်ငူမြို့နယ်မှာ ဒီကနေ့ ဧပြီလ ၂၀ရက်နေ့ ညနေ ၅နာရီ မိနစ် ၅၀လောက်က လေပြင်းတိုက်ခတ်မှုဖြစ်ပွားခဲ့ပြီး နေအိမ် ဆိုင်ခန်းအချို့နဲ့ သစ်ပင်အချို့လဲပြိုပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
“မိုးသိပ်မရွာဘူး လေတအားတိုက်တာ မြို့ထဲမှာလည်း အပင်တွေလဲတာရှိတယ် အိမ်တွေ အမိုးလန်တာမျိုးဖြစ်ကုန်တယ်၊ အမြန်လမ်းမှာလည်း လမ်းမီးတိုင်တချို့ပါ လဲကုန်တာတွေရှိတယ်”လို့ ဒေသခံတစ်ဦးကပြောပါတယ်။
လေပြင်းတိုက်ခတ်မှုကြောင့် ပျက်စီးသွားတဲ့ အပျက်အစီးတွေကို မြို့နယ်မီးသတ်တပ်ဖွဲ့၊ လူမှုရေးအသင်းအဖွဲ့တွေနဲ့ ဒေသခံပြည်သူတွေက ပူးပေါင်းရှင်းလင်းမှုတွေ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။