ရက္ခိုင့်တပ်တော် ကူညီထောက်ပံ့မှုနဲ့ ကျောင်းသားလက်ရုံးတပ်တော် ဖွဲ့စည်းတည်ထောင်ခဲ့

ရန်ကုန်အခြေစိုက် တက္ကသိုလ်ကျောင်းသား သမဂ္ဂများ (တကသများ -ရန်ကုန်) မှ သမဂ္ဂရဲဘော်တွေအနေနဲ့ ရက္ခိုင့်တပ်တော် AA ရဲ့ အခြေခံစစ်ပညာသင်ကြားမှု ကူညီထောက်ပံ့မှုတို့နဲ့ ကျောင်းသားလက်ရုံး တပ်တော်ကို ဖွဲ့စည်းတည်ထောင်ခဲ့တယ်လို့ ဆိုပါတယ်။
ဒီနေ့ ဧပြီလ ၁ဝ ရက်နေ့တွင် ကျရောက်တဲ့ ၁၃ နှစ်မြောက် ရက္ခိုင့်တပ်တော်နေ့ကို ပေးပို့တဲ့ တကသများ-ရန်ကုန်ရဲ့ သဝဏ်လွှာတွင် ဖော်ပြထားပါတယ်။ ရင်းနှီးသော မဟာမိတ်ဆက်ဆံရေးကို ပိုမိုခိုင်မြဲစေပြီး ဘုံရည်မှန်းချက် ပန်းတိုင်ကိုအတူတကွ ချီတက်တိုက်ပွဲဝင်ဖို့လည်း အဆင်သင့်ရှိတယ်လို့ ရေးသားထားပါတယ်။
ရက္ခိုင့်တပ်တော်အနေနဲ့ ရခိုင်ဒေသတွင်းသာမက နိုင်ငံတွင်း အဖိနှိပ်ခံ လူမျိုးစုတို့ရဲ့တော်လှန်ရေးတွင်လည်း ညီနောင်မဟာမိတ်တွေနဲ့ အတူလက်တွဲတိုက်ပွဲဝင်ခဲ့တာတွေကို လေးစားဂုဏ်ယူကြောင်း ဖော်ပြထားပါတယ်။