ဟိုပင်မှာ အကြမ်းဖက်စစ်အုပ်စုနဲ့ ကေအိုင်အေ ပူးပေါင်းတပ်တို့ကြား တိုက်ပွဲဖြစ်

စစ်အင်အားတိုးချဲလာတဲ့ အကြမ်းဖက် စစ်အုပ်စုတပ်နဲ့ ကချင်လွတ်မြောက်ရေးတပ် (KIA) တို့ကြား ဒီနေ့မတ်လ ၁၉ ရက်နေ့ မနက် ၈ နာရီခန့်က ဟိုပင်မြို့ နန့်ရင်းချောင်းတစ်ဖက်ကမ်းမှာ တိုက်ပွဲဖြစ်ပွားနေတယ်လို့ The 74 Media က ဖော်ပြထားပါတယ်။
အင်အား ၂၀၀ ခန့် ရှိတဲ့ စစ်အုပ်စု စစ်ကြောင်းနဲ့ ပြည်သူ့ကာကွယ်ရေးတပ်တို့ကြား တိုက်ပွဲဖြစ်ပွား နေတာလို့ ဆိုပါတယ်။
တိုက်ပွဲ ဖြစ်ပွားနေ‌ဆဲဖြစ်တာကြောင့် နှစ်ဖက်အထိအခိုက်အကျအရှုံး အခြေအနေကို မသိရသေးဘူးလို့ ပြောပါတယ်။
ကချင်ပြည်နယ် မိုးညှင်းမြို့ တက္ကသိုလ်မှာ တပ်စွဲထားတဲ့အကြမ်းဖက်စစ်အုပ်စုတပ်၊ ကချင်လွတ်မြောက်ရေး တပ် (KIA) နဲ့ မိုးညှင်း ပြည်သူ့ကာကွယ်ရေးတို့ ပြီးခဲ့တဲ့ မတ်လ ၈ ရက်‌နေ့ကလည်း တိုက်ပွဲဖြစ်ပွားခဲ့ပါသေးတယ်။
Source – The 74 Media