မြစ်ကြီးနားမှာ ဒေသခံသုံးဆယ်ကျော်ကိုစစ်တပ်က လူသားဒိုင်းလုပ်ပြီးဖမ်းဆီး

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့မှာရှိတဲ့ ငွေစံပျော်ကျေးရွာနားမှာ မနေ့ဒီဇင်ဘာ ၁၀ရက်ညနေပိုင်းက စစ်ကောင်စီတပ်တွေဟာ ဒေသခံအယောက် ၃၀ ကျော်ကို ဖမ်းဆီးခေါ် ဆောင်သွားခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။

 

ညနေ၃နာရီလောက်မှာ လမ်းတလျောက် လူသားဒိုင်းလုပ်ပြီးဖမ်းခေါ်သွားပြီး ညနေ ၅နာရီလောက်မှာပြန်လွှတ်ပေးလိုက်တယ်လို့လည်းဆိုပါတယ်။

 

ငွေစံပျော်ကနေ ခေါ်သွားတယ်။  ၃မိုင်ခန့်လောက်ကို ခေါ်သွားတယ်။ ကြောက်လို့  ထိုင်လို့ပြောရင်ထိုင်ရတယ်။ ဖုန်းတွေစက်ပိတ်ခိုင်းထားတယ်’’ လို့ ဖမ်းဆီးခံရွာသားနဲ့နီးစပ်တဲ့ဒေသခံကပြောပါတယ်။

 

စစ်ကောင်စီတပ်တွေဟာ ရွာတွေထဲက အင်အား ၆၀လောက်ရှိတဲ့ ကားနှစ်စီးနဲ့ရောက်လာတာဖြစ်ပြီး ရွာသားတွေကို စစ်ဆေးမေးမြန်းတာတွေလုပ်သလို ငွေစံပျော်ရွာက ရွာသားတချို့နဲ့ ရော်ဘာခြံအလုပ်သမားတွေကိုဖမ်းခေါ်သွားတာဖြစ်တယ်လို့ဆိုပါတယ်။

 

 ငွေစံပျော်ပြကျေးရွာဟာဆိုရင်  ၂၀၁၄ခုနှစ် ကတည်းက ကချင်ပြည်နယ်က စစ်ဘေးရှောင်ပြည်သူများတွေ နေထိုင်ဖို့သတ်မှတ်ထားတဲ့ ရွာဖြစ်ပြီး အိမ်ထောင်စု ၄၈၄စု နဲ့ လူဦးရေ  ၂၅၀၀ ဝန်းကျင်ရှိတဲ့ ရွာဖြစ်တယ်လို့သိရပါတယ်။