မုံရွာမြို့ ဘုရားနီလမ်း ဖြိုခွင်းမှုမှာ ကျဆုံးခဲ့တဲ့ အာဇာနည်သူရဲကောင်း​တွေကို သွားရောက်အလေးပြု

Credit – GSCB
ဒီနေ့ မတ်လ ၃ရက်နေ့တွင် ၁ နှစ်ပြည့်သွားတဲ့ မုံရွာမြို့ ဘုရားနီလမ်းဖြိုခွင်းမှုအတွင်း ကျဆုံး အာဇာနည်သူ ရဲကောင်း​တွေကို မုံရွာ-အမြင့်လမ်း သပိတ်ဦးဆောင် ကော်မတီ တက်ကြွလှုပ်ရှားသူ​တွေက သွားရောက် အလေး ပြုခဲ့ကြပါတယ်။
“ပေတရာပေါ်ကစီးတဲ့ သွေးတွေမခြောက်သေးဘူး၊ အာဇာနည်မျိုး သေရိုးမရှိ ” ဆိုတဲ့ စကားတွေအတိုင်း အာဇာနည်သူရဲကောင်းတို့ရဲ့ တာဝန်ကို ဆက်လက်ထမ်းရွက်ရင်း အရေးတော်ပုံ အောင်မြင်သည်အထိ အဆုံးသတ်တိုက်ပွဲဝင်ကြဖို့ မုံရွာအမြင့်လမ်း သပိတ်ဦးဆောင်ကော်မတီက တိုက်တွန်းလိုက်ပါတယ်။