ဖာပွန်ကနေ ဌာနဆိုင်ရာဝန်ထမ်းတွေ ထွက်ခွာသွားကြဖို့ KNU ထုတ်ပြန်

ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်ထဲက အကြမ်းဖက်စစ်အုပ်စု လက်အောက်ခံ အရပ်ဘက် ဌာနဆိုင်ရာဝန်ထမ်းတွေအနေနဲ့ သတ်မှတ်ထားတဲ့အချိန်အတွင်း ထွက်ခွာသွားကြဖို့ KNU တပ်မဟာ ၅ က ထုတ်ပြန်လိုက်ပါတယ်။
ဖာပွန်မြို့နယ်ထဲက အရပ်ဘက် ဌာနဆိုင်ရာဝန်ထမ်းတွေဟာ နေထိုင်ရာဒေသတွေဆီ ရေလမ်းခရီးနဲ့ ထွက်ခွာသွားကြဖို့ ယမန်နေ့က သတိပေးချက် ထုတ်ပြန်လိုက်ခြင်း ဖြစ်ပါတယ်။
ဖာပွန်မြို့ခံ ဝန်ထမ်းတွေအနေနဲ့လည်း စစ်အုပ်စုလက်အောက်မှာ တာဝန်ထမ်းဆောင်ခြင်းကို ရှောင်ရှားကြဖို့ အသိပေးထားပါတယ်။
လိုက်နာမှုမရှိခဲ့ရင် ထိရောက်စွာအရေးယူမယ်လို့လည်း သတိပေးချက်မှာ ဖော်ပြထားပါတယ်။
အခုလိုလုပ်ဆောင်တာဟာ KNU တပ်မဟာ ၅ နယ်မြေအတွင်း စစ်အုပ်စုအုပ်ချုပ်ရေးယန္တယား မလည်ပတ်နိုင်အောင် ဖြစ်တယ်လို့ ဆိုပါတယ်။