နိုင်ငံတကာရေးရာ

ကော်စတာရီကာမှာ နောက်ထပ် မိုးပျံပူဖောင်း ထပ်တွေ့တဲ့ကိစ္စ တရုတ် တောင်းပန်

သူတို့နိုင်ငံ လေပိုင်နက်ထဲ နယ်ကျော် ရောက်ရှိနေတဲ့ မိုးပျံပူဖောင်းနဲ့ ပတ်သက်လို့ တရုတ် အစိုးရက တရားဝင် ဆက်သွယ်ပြီး တောင်းပန်ခဲ့တယ်လို့ ကော်စတာရီကာက ကြေညာပါတယ်။  အလယ်ပိုင်း အမေရိက ဒေသတွင်းက နိုင်ငံတစ်ခုဖြစ်တဲ့ ကော်စတာရီကာဟာလည်း အမေရိကန်မှာလိုပဲ တရုတ် [ဆက်လက်ဖတ်ရှုရန်]

အားကစားကဏ္ဍ

FFP ပြဿနာကြောင့် မန်ချက်စတာစီးတီး ပြစ်ဒဏ် ကျခံရရင် မန်နေဂျာ ဂွာဒီယိုလာ နုတ်ထွက်ဖွယ်ရှိနေ

အသုံးစရိတ် ကန့်သတ်ချက် စည်းမျဉ်းတွေ (FFP)ကို ချိုးဖောက်လို့ အသင်းက အရေးယူ ခံရရင် မန်ချက်စတာ စီးတီး မန်နေဂျာ ပက်ပ် ဂွာဒီယိုလာ အနေနဲ့ ရာထူးက နုတ်ထွက်ဖွယ်ရှိကြောင်း သတင်းတွေ ထွက်ပေါ်လာပါတယ်။  အင်္ဂလန် ပရီးမီးယားလိဂ် [ဆက်လက်ဖတ်ရှုရန်]

အားကစားကဏ္ဍ

တူရကီ ငလျင်မှာ ပျောက်ဆုံးနေခဲ့တဲ့ ပရီးမီးယားလိဂ် ကစားသမားဟောင်း အတ်ဆုကို အသက်ရှင်လျက် ရှာတွေ့

အင်္ဂလန် ပရီးမီးယားလိဂ် ဘောလုံးကြယ်ပွင့်ဟောင်း ခရစ္စတီယန် အတ်ဆုကို တူရကီ ငလျင်ကြောင့် ပြိုကျနေတဲ့ အပျက်အစီးတွေအောက်မှာ အသက်ရှင်လျက် ပြန်ရှာတွေ့ခဲ့ကြောင်း သိရပါတယ်။  အသက် ၃၁ နှစ်အရွယ် ရှိပြီဖြစ်တဲ့ အတ်ဆုဟာ ငလျင်ဘေးသင့် ဟာတေ ဒေသမှာ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

NUG ဝန်ကြီးဒေါ်ဇင်မာအောင်နဲ့ ယူကေနိုင်ငံခြားရေးဝန်ကြီး မြန်မာ့အရေးတွေ့ဆုံဆွေးနွေး

အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံခြားရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင်နဲ့ ယူကေ နိုင်ငံခြားရေး The Rt Hon James Cleverly တို့ဟာ ဖေဖော်ဝါရီ ၆ ရက်နေ့က လန်ဒန်မြို့က UK နိုင်ငံခြားရေးဝန်ကြီးရုံးမှာတွေ့ဆုံခဲ့တယ်လို့ PVTV သတင်းဌာနမှာဖော်ပြထားပါတယ်။ တွေ့ဆုံမှုမှာ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

စစ်တပ်ကစစ်ကြောင်းထိုးတာ၊လက်နက်ကြီးပစ်ခတ်တာတွေကြောင့် မုန်းမြို့နယ်ဒေသခံ ငါးထောင်ကျော် ထွက်ပြေးတိမ်းရှောင်နေရ

ကရင်အမျိုးသားအစည်းအရုံး(KNU)၊ကော်သူလေးအုပ်ချုပ်နယ်မြေ မုန်းမြို့နယ်မှာ စစ်ကောင်စီတပ်တွေ စစ်ရေး ဝင်ရောက်လှုပ်ရှားတာနဲ့ လက်နက်ကြီးပစ်ခတ်မှုတွေကြောင့် ကျေးရွာခြောက်ရွာက အရပ်သား ပြည်သူ (၅၅၀၀) ကျော်ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရပြီး ဒေသခံငါးဦး လက်နက်ကြီးကျည်ထိမှန်ဒဏ်ရာတွေရထား တယ်လို့ KNU က ထုတ်ပြန်ပါတယ်။ “အခုသူတို့က တချို့သူတို့နီးစပ်ရာတွေမှာ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ဆားတောင်တိုက်ပွဲမှာကျဆုံးခဲ့တဲ့ PDF ဆေးတပ်ဖွဲ့ဝင်ရဲမေကို သင်္ဂြိုလ်ပြီးစီး၊တိုက်ပွဲဆက်ဖြစ်

စစ်ကိုင်းတိုင်း၊စစ်ကိုင်းမြို့နယ်၊ဆားတောင်မြို့မှာ ဖေဖော်ဝါရီ (၅)ရက် မနေ့ကဖြစ်ခဲ့တဲ့ တိုက်ပွဲအတွင်း ကျဆုံး သွားတဲ့ ဆေးတပ်ဖွဲ့ဝင် ရဲမေ မစုမွန်ထက်ကို ဒီကနေ့ သင်္ဂြိုလ်ခဲ့ပြီး စစ်ကောင်စီနဲ့ တိုက်ပွဲ လည်းဆက် ဖြစ်နေ တယ်လို့ မြေအောက်လျှပ်စီးပြောက်ကျားတပ်ဖွဲ့ ခေါင်းဆောင် ဗိုလ်မုန်တိုင်းက [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ကလေးမြို့မှာမိုင်းဆွဲတိုက်ခိုက်ခံရလို့ စစ်သားသုံးဦးသေဆုံးပြီး ပြည်သူတဦး ထိခိုက်ဒဏ်ရာရ

ကလေးမြို့အနောက်ပိုင်း တောင်ဇလပ်ရပ်ကွက် ဆည်မြောင်းရုံးနဲ့ သစ်တောရုံးကြားက လမ်းမှာ ဒီကနေ့ ဖေဖော် ဝါရီ ၆ ရက် မနက် ၁၁ နာရီဝန်းကျင်မှာ မိုင်းပေါက်ကွဲမှုဖြစ်ခဲ့ပြီး အမျိုးသမီးတဦးထိခိုက်ဒဏ်ရာရရှိကာ စစ်သား တွေလည်း ထိခိုက်သေဆုံးမှုရှိတယ်လို့ မြို့ခံတွေဆီကသိရပါတယ်။ ” [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

မြောက်ဦးနန်းတော်ကုန်းမှာလမ်းခင်းနေတဲ့ကိစ္စ ဒေသခံတွေ ကန့်ကွက်လို့ ပြန်လည် ရုတ်သိမ်းမယ်လို့ဆို

  စစ်ကောင်စီလက်အောက်ခံ ရှေးဟောင်းသုတေသနဌာနဟာ မြောက်ဦးမြို့ ရှေးဟောင်းနန်းတော်ကုန်းမှာ လမ်းခင်းနေခဲ့ပြီး အဲဒီအပေါ် ဒေသခံပြည်သူတွေကြား ကန့်ကွက်မှုတွေ ကျယ်ကျယ်လောင်လောင်ဖြစ် ပေါ်ပြီး တဲ့နောက် ပြန်လည်ရုတ်သိမ်းဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။ ရခိုင်ပြည်နယ် ရှေးဟောင်းမြို့တော် မြောက်ဦမြို့ နန်းတော်ကုန်းပထမထပ်မှာ သန့်ရှင်းသာယာလှပရေးစီမံချက် [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

မင်းအောင်လှိုင်ရောက်နေချိန် ရန်ကုန်မှာ ပေါက်ကွဲမှုတွေဆက်တိုက်ဖြစ်

အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင် ရောက်ရှိနေချိန် ဒီကနေ့ ဖေဖော်ဝါရီ(၆)ရက် ရန်ကုန်မြို့ နေရာ အနှံ့အပြားမှာ ဗုံးပေါက်ကွဲမှုတွေ ဆက်တိုက် ဖြစ်နေတယ်လို့ မြို့ခံတွေကပြောပါတယ်။ ဒီကနေ့မနက်အစောပိုင်းမှာ သင်္ဃန်းကျွန်းမြို့နယ်က လျှပ်စစ်ရုံးနဲ့စည်ပင်ရုံးတို့မှာဗုံးပေါက်ကွဲမှုတွေဖြစ်ခဲ့သလို မှော်ဘီမြို့နယ်လျှပ်စစ်ရုံးမှာလည်းပေါက်ကွဲမှုဖြစ်ခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။ ဒါ့အပြင် သာကေတမြို့နယ်၊ အဝိုင်းအနီးက [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

လွိုင်ကော်-မော်ချီးလမ်းမှာခရီးသွားယာဉ်မိုင်းထိပြီး လေးဦးသေ၊ ဒဏ်ရာရသူနှစ်ဦး စိုးရိမ်ရ

ကယားပြည်နယ်၊ လွိုင်ကော်မြို့ရှိ လွိုင်ကော်- မော်ချီးအသွားလမ်းပိုင်းသဲဖြူကွင်းအနီးမှာဒီကနေ့မွန်းလွဲပိုင်းက  ခရီးသွားယာဉ်တစီး မိုင်းထိမှန်ပြီး ခရီးသည် အမျိုးသားလေးဦးသေဆုံးပြီးနှစ်ဦး အပြင်းအထန်ဒဏ်ရာရရှိတယ်လို့  ကယ်ဆယ်ရေး အဖွဲ့တွေကပြောပါတယ်။ ‘’လေးဦးကတော့တော်တော်ဆိုးဆိုးဝါးဝါးသေဆုံးသွားကြတယ်။ ဒဏ်ရာရတဲ့ သူနှစ်ယောက်ကတော့ လုံးဝသတိမရသေးဘူး” လို့ ရွှေလွိုင်ကော် ပရဟိတ အသင်းတာဝန်ရှိသူက ဆိုပါတယ်။ [ဆက်လက်ဖတ်ရှုရန်]