နိုင်ငံရေး

မော်လမြိုင်မှာ စစ်တပ်လုံးဝအုပ်ချုပ်ခွင့်မရဘူးဆိုတာ သတိပေးတဲ့အနေနဲ့ ရဲဝန်ထမ်းလိုင်းခန်းကို PDFဗုံးခွဲ

မွန်ပြည်နယ်၊ မော်လမြိုင်မြို့ကဖက်တန်းရပ်ကွက်မှာရှိတဲ့ရဲဝန်ထမ်းလိုင်းခန်းကို ဖေဖော်ဝါရီလ ၅ ရက်က ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ဗုံးခွဲတိုက်ခိုက်ပြီး သတိပေးလိုက်တယ်လို့ တိုက်ခိုက်မှုကို ဆောင်ရွက်ခဲ့တဲ့ အဖွဲ့တွေဆီကသိရပါတယ်။ ‘’စစ်ကောင်စီတွေအနေနဲ့ မော်လမြိုင်မှာ လုံးဝအုပ်ချုပ်ခွင့်မရစေရဘူးဆိုတာကို သတိပေးဖောက်ခွဲခဲ့တာဖြစ်ပါတယ်။ ကျနော်တို့အဖွဲ့လည်း အန္တရာယ်ကင်းကင်းနဲ့ဆုတ်ခွာနိုင်ခဲ့ပါတယ်’’ လို့ တိုက်ခိုက်ရာမှာပါဝင်တဲ့ ဇာမဏီပြောက်ကျားတပ်ဖွဲ့တာဝန်ခံ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ပခုက္ကူ-ရေစကြိုလမ်းမှာ စစ်ကားနှစ်စီးကို PDF တိုက်ခိုက်တာမှာ ဆယ်ဦးသေဆုံး၊ လက်နက် ၇ လက် ရရှိတယ်လို့ထုတ်ပြန်

မကွေးတိုင်း၊ ပခုက္ကူ-ရေစကြိုလမ်းမှာ စစ်ကောင်စီစစ်ယာဉ်နှစ်စီးကို ဒီလ ၄ ရက်က ပြည်သူ့ကာကွယ်ရေးတပ်၊ ပခုက္ကူခရိုင်တပ်ရင်း ၃ က တိုက်ခိုက်ခဲ့တာ ၁၀ ဦးသေဆုံးတယ်လို့ ဒေသခံတွေနဲ့ အဲဒီတပ်ရင်းကေ ပြာပါတယ်။ ‘’တိုက်ပွဲက ငါးမိနစ်ဝန်းကျင်ပဲကြာတယ်။ ကျနော်တို့ဘက်က အထိအခိုက်မရှိပါဘူး’’ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ရေး-ထားဝယ် လမ်းပေါ်မှာ ခရီးသွားကား ပစ်ခတ်ခံရလို့ သံဃာတပါးပျံလွန်ပြီး ဒေသခံတဦးသေဆုံး

တနင်္သာရီတိုင်း၊ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်အတွင်းက ရေး-ထားဝယ်လမ်းပေါ်မှာ ဖေဖော်ဝါရီ (၆) ရက် မနေ့က ညနေပိုင်းက ခရီးသွားကားတစီး ပစ်ခတ်ခံရပြီး ကားပေါ်ပါတဲ့ သံဃာတော်တပါးနဲ့ အမျိုးသမီး တဦး သေ ဆုံးသွားတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။ ရေဖြူမြို့နယ် ရာဖူးရွာသစ်ကျောင်းထိုင်ဆရာတော်အပါအဝင် ခရီးသည် [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

စစ်အာဏာသိမ်းကာလအတွင်း တနင်္သာရီတိုင်းမှာ အရပ်သားလေးရာနီးပါးသေဆုံး

ပြည်တွင်းမှာ စစ်အာဏာသိမ်းထားတဲ့ ၂နှစ်တာကာလအတွင်း တနင်္သာရီတိုင်းထဲမှာ အရပ်သား ၃၆၀ အထိသေဆုံးခဲ့ပြီးသေဆုံးသူတွေထဲမှာ အမျိုးသား ၈၆ ရာခိုင်နှူန်းအထိရှိနေတယ်လို့  တနင်္သာရီတိုင်းအတွင်းကအခြေအနေတွေကို မှတ်တမ်းတင်နေတဲ့ Southern Monitor အဖွဲက ဒီကနေ့ ဖေဖော်ဝါရီ ၇ ရက်မှာထုတ်ပြန်လာပါတယ်။ ဒီအရေအတွက်ဟာ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ကော့သောင်းမှာ စစ်ကောင်စီက လက်နက်အပြည့်အစုံနဲ့ကင်းလှည့်နေလို့ တိုက်ပွဲဖြစ်မှာကို ဒေ သခံ တွေစိုးရိမ်နေ

တနင်္သာရီတိုင်း၊ကော့သောင်းခရိုင်၊ကော့သောင်းမြို့နယ်မှာ စစ်ကောင်စီတပ်တွေက လူအင်အား၊ လက်နက် အင်အားအပြည့်အစုံနဲ့ မြို့တွင်းကို ကင်းလှည့်နေတာကြောင့် ဒေသကာကွယ်ရေးအဖွဲ့တွေနဲ့တိုက်ပွဲဖြစ်မှာကို စိုးရိမ်နေတယ်လို့ဒေသခံတွေက ​DNAကိုပြောပါတယ်။ စစ်ကောင်စီက အခုလိုလူ၊လက်နက်အင်အားအပြည့်အစုံနဲ့ကင်းလှည့်တာကို ဖေဖော်ဝါ ၆ရက်မှာ စတင်ပြုလုပ် နေ တာဖြစ်ပြီး မြို့တွင်းမှာလည်း စစ်ဆေးမှုတွေ တင်းတင်းကျပ်ကျပ်လုပ်နေတာကြောင့် [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ပင်လုံစာချုပ်ပါ သဘောတူညီချက်တွေနဲ့ သာ လက်ရှိအထွေထွေအကျပ်အတည်းကို ဖြေရှင်းနိုင်မယ်လို့ RCSS ထုတ်ပြန်

ပင်လုံစာချုပ်ပါ သဘောတူညီချက်တွေနဲ့ ဖယ်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကို တည်ဆောက်နိုင်မှ သာ လက်ရှိ နိုင်ငံအထွေထွေအကျပ်အတည်းကို ဖြေရှင်းနိုင်မယ်လို့ သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS က  (၇၆)နှစ်မြောက် သျှမ်းပြည်အမျိုးသားနေ့အဖြစ် ဒီကနေ့  ဖေဖော်ဝါရီ ၇ ရက်မှာထုတ်ပြန်လိုက်ပါတယ်။ ‘’ဆိုလိုတာက အာဏာသိမ်းတယ်။ နောက်နိုင်ငံရေးနည်းနဲ့ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံတကာရေးရာ

ထိုင်းမှာ ရေပိုက်ထဲကျပြီး ဆယ့်ခုနစ်နာရီကြာ ပိတ်မိနေတဲ့ကလေးငယ်ကို အသက်ရှင်လျက်ကယ်ထုတ်နိုင်

ထိုင်းနိုင်ငံမှာ မြေအောက်ရေပိုက်လိုင်းထဲ ပြုတ်ကျပြီး ဆယ့်ခုနစ်နာရီဝန်းကျင်ကြာပိတ်မိနေတဲ့ မြန်မာရွှေ့ပြောင်း မိသားစုဝင်ကလေးငယ်ကို ကယ်ဆယ်ရေး အဖွဲ့တွေကဒီကနေ့ မနက်ပိုင်းမှာ  အသက်ရှင်လျက်ကယ် ထုတ်နိုင် ခဲ့တယ်လို့ ဒေသတွင်း မီဒီယာတွေကဖော်ပြပါတယ်။ မြန်မာရွှေ့ပြောင်း လုပ်သားမိသားစု တနှစ်နဲ့ ခုနစ်လအရွယ်ကလေးငယ်ဟာ ဖေဖော်ဝါရီ(၆)ရက် မနေ့က [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ပြင်ဦးလွင်မြို့လယ်မှာ အသတ်ခံထားရတဲ့ အမျိုးသား အလောင်းနှစ်လောင်းတွေ့

မန္တလေးတိုင်း ၊ ပြင်ဦးလွင်မြို့ မြို့လယ်မှာ ဓားဒဏ်ရာတွေနဲ့ အတူအသတ်ခံထားရတဲ့ အမျိုးသား  ၂ ဦးရဲ့ ရုပ်အလောင်းတွေကို ဒီကနေ့ ဖေဖော်ဝါရီ ၇ ရက်မနက်ပိုင်းမှာတွေ့ရှိခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။ ဒီကနေ့ မနက်ပိုင်းမှာ ပြင်ဦးလွင်မြို့ရဲ့ လူစည်ကားရာ နေရာတခုဖြစ်တဲ့ချယ်ရီလမ်းနဲ့ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံတကာရေးရာ

တူရကီ ငလျင်ကြောင့် အသေအပျောက်က လက်ရှိထက် ၈ ဆလောက် တိုးလာနိုင်တယ်လို့ WHO သတိပေး

တူရကီမှာ လှုပ်ခတ်ခဲ့တဲ့ ငလျင်တွေကြောင့် သေဆုံးသူ အရေအတွက်ဟာ လက်ရှိထက် ရှစ်ဆလောက် တိုးသွားနိုင်တယ်လို့ ကမ္ဘာ့ကုလသမဂ္ဂ အဖွဲ့ကြီး (WHO)က သတိပေးခဲ့ပါတယ်။  ဖေဖော်ဝါရီ ၆ ရက် မနက်ပိုင်းက တူရကီနဲ့ ဆီးရီးယား နယ်စပ်နားက ဂါဇီယန်တပ်မြို့မှာ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

စစ်အုပ်စုလက်အောက်ခံဂျာယန်ပြည်သူ့စစ်က ဖမ်းဆီးသွားတဲ့ တအာင်းလူမျိုးတရာကျော်ထဲ အသက် ၈နှစ်အရွယ်ကလေးတွေပါဝင်

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့နယ်၊ မိုင်းယော်ဒေသမှာ စစ်တပ်လက်အောက်ခံ ဂျာယန်းပြည်သူ့စစ်က တပ်သားစုဆောင်းရန် ခေါ်ယူထားတဲ့ တအာင်းလူမျိုး ၁၂၇ဦးထဲမှာ အသက်မပြည့်သေးတဲ့ အသက် ၈နှစ်အရွယ် ကလေးငယ်တွေပါဝင်တယ်လို့ TNLA ကထုတ်ပြန်လာပါတယ်။ ဖမ်းဆီးသွားသူတွေထဲမှာ အသက် ၈နှစ်အရွယ်ကနေ ၁၇နှစ်အရွယ် အထိ [ဆက်လက်ဖတ်ရှုရန်]