နိုင်ငံရေး

ပေ့ါဆမှုကြောင့် ရွာထဲ ဗုံးသီးပေါက်ပြီး သေဆုံး ခဲ့ရသူတွေရဲ့မိသားစုတွေကို AAတောင်းပန်

ရခိုင်ပြည်နယ်၊ပုဏ္ဏားကျွန်းမြို့နယ်မှာ ကလေးငယ်နှစ်ဦး သေဆုံးပြီး လေးဦး ဒဏ်ရာရခဲ့တဲ့ ဗုံးပေါက် ကွဲမှုဖြစ်စဉ်ဟာ ရခိုင့်တပ်တော်(AA)က ဒုနယ်မြေမှူးဟောင်းရဲ့ ပေါ့ဆမှုကြောင့်ဖြစ်ပြီး အဲဒီအတွက် AA တာဝန်ရှိသူတွေက သေဆုံး၊ ဒဏ်ရာရသူတွေရဲ့ မိသားစုတွေကို အိမ်တိုင်ရာရောက် လာရောက် တောင်း ပန်ခဲ့တယ်လို့ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ပြည်မြို့မှာ ဆယ့်ငါးနာရီအတွင်း အိမ်ယာမဲ့ အလောင်း နှစ်လောင်းတွေ့

ပဲခူးတိုင်းအနောက်ခြမ်း၊ပြည်မြို့မှာ ဆယ့်ငါးနာရီအတွင်း အိမ်ယာမဲ့အမျိုးသားနှစ်ဦးသေဆုံးခဲ့တယ်လို့ မြို့ခံတွေဆီကသိရပါတယ်။ ပြည်မြို့၊ ဆံတော်ရပ်ကွက်၊ဘုရားဈေးလမ်း နာရီ စင် အနီးမှာ ဖေဖော်ဝါရီ ၅ရက် ည ၆နာရီခန့်မှာ အ မျိုးသားတဦး၊ဒီကနေ့ မနက် ၉နာရီဝန်းကျင်မှာလည်း နဝဒေးလမ်း (PT.Power) ဆီဆိုင်အနီး [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ပခုက္ကူမြို့မှာ စစ်ကားတစ်စီး မိုင်းခွဲခံရပြီး နောက် ပြည်သူငါးဦးကို စစ်တပ်က ပစ်သတ်

မကွေးတိုင်း၊ ပခုက္ကူမြို့၊ မြို့ရှောင်လမ်းပိုင်းတနေ ရာမှာ ကင်းလှည့်နေတဲ့ စစ်ကောင်စီကားတစီးမိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် ပြည်သူငါးဦးကိုစစ်တပ်က ပစ်ခတ်သတ်ဖြတ်သွားတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။ ကင်းလှည့်နေတဲ့ စစ်ကားကို ဖေဖော်ဝါရီ ၅ ရက်ည ၇ နာရီဝန်းကျင်မှာ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တခုက မိုင်းဆွဲတိုက်ခိုက်ခဲ့ရတာဖြစ်ပြီး ဒေသခံငါးဦးပစ်သတ်ခံရတဲ့အခြေအနေ အသေးစိတ်ကိုတော့မသိရသေးပါဘူး။  [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

မဏိပူရ်ပြည်နယ်မှာ မြန်မာစစ်ဘေးရှောင်ဆယ်ဦးထပ်ဖမ်းခံရပြီး လက်ခံထားသူတွေကိုပါ အရေးယူမယ်လို့ ပြည် နယ်ဝန်ကြီးချုပ်ပြော

အိန္ဒိယနိုင်ငံ၊ မဏိပူရ်ပြည်နယ်၊ နယူးလမ်ကာမြို့နယ်၊ ဗယ်လ်ဗင်း(န)( Vaal veng) ကျေးရွာမှာ မြန်မာစစ် ဘေး ရှောင်(၁၀) ဦးကို ခရိုင်ရဲတပ်ဖွဲ့က ဖေဖော်ဝါရီ ၅ ရက်မှာ ဖမ်းဆီးခဲ့တယ်လို့ မဏီပူရ်ပြည်နယ်ဝန်ကြီးချုပ်က သူ့ရဲ့ လူမှုကွန်ရက် စာမျက်နှာမှာဖော်ပြထားပါတယ်။ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ကန့်ဘလူမှာ စစ်ကောင်စီစစ်ကြောင်းထိုးနေလို့ ရွာနှစ်ဆယ်ကျော်က ပြည်သူတသောင်းခွဲတိမ်းရှောင်နေရ

စစ်ကိုင်းတိုင်း၊ကန့်ဘလူမြို့နယ် မြောက်ဘက်၊ချပ်သင်းတိုက်နယ်အရှေ့ခြမ်းရွာတွေကို စစ်ကောင်စီက စစ် ကြောင်းနှစ်ခုညှပ်ပြီး စစ်ကြောင်းထိုးနေလို့ ရွာ(၂၂)ရွာက ပြည်သူတသောင်းခွဲလောက် ထွက်ပြေးတိမ်းရှောင် နေရတယ်လို့ ဒေသတွင်းစစ်ရှောင်သတင်းတွေဖော်ပြပေးနေတဲ့ Infinity Group က ကိုအနဂ္ဂကDNA ကို ပြော ပါတယ်။ စစ်ကောင်စီဟာ အဲ့ဒီနယ်ထဲမှာ [ဆက်လက်ဖတ်ရှုရန်]

No Picture
နိုင်ငံရေး

ဖယ်ခုံ၊ မိုးဗြဲတိုက်ပွဲမှာ စစ်ကောင်စီတပ်သား တဆယ့်ငါးဦးသေဆုံး

ရှမ်း၊ ကယားထိစပ်ရာနေရာဖြစ်တဲ့ ဝေါရီကောခူကျေးရွာမှာ ပြီးခဲ့တဲ့ ဇန်နဝါရီ ၄ရက်နေ့ကစပြီးဖြစ်ခဲ့တဲ့ တိုက်ပွဲမှာစစ်ကောင်စီဘက်က ၁၅ဦးသေဆုံးသလို ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF ဘက်က ၁ဦးကျဆုံးပြီး ၂ဦးထိခိုက်ဒဏ်ရာရခဲ့တယ်လို့  KNDF ဖယ်ခုံက ဒီကနေ့ ဖေဖော်ဝါရီ ၆ ရက်မှာ သတင်းထုတ်ပြန်လာပါတယ်။ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံတကာရေးရာ

ကာကွယ်ရေး ဝန်ကြီးနေရာကို အပြောင်းအလဲလုပ်ဖို့ ယူကရိန်း သမ္မတ ဆုံးဖြတ်

ယူကရိန်း အစိုးရဟာ ကာကွယ်ရေး ဝန်ကြီးနေရာအတွက် အပြောင်းအလဲ ပြုလုပ် ခန့်အပ်သွားမယ်လို့ သိရပါတယ်။ ကာကွယ်ရေး ဝန်ကြီး အိုလက်ခ်ဆီ ရက်ဇ်နီကော့ဗ်ဟာ ရုရှားရဲ့ ကျူးကျော်စစ်ကို ကြံ့ကြံ့ခံ တွန်းလှန်နေတဲ့ ယူကရိန်းရဲ့ စစ်ဆင်ရေးတွေကို အဓိက ဦးဆောင်ခဲ့သူ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံတကာရေးရာ

လေတပ်က ပစ်ချခဲ့တဲ့ တရုတ် မိုးပျံပူဖောင်းကို အမေရိကန် ရေတပ် ရေငုပ်သမားတွေ ရှာဖွေနေ

လေတပ်ရဲ့ ပစ်ချမှုကြောင့် ပျက်ကျသွားတဲ့ တရုတ် စပိုင် မိုးပျံ ပူဖောင်းကို အမေရိကန်ရေတပ် ရေငုပ်သမားတွေက ရှာဖွေနေကြောင်း သိရပါတယ်။ အမေရိကန် လေပိုင်နက်ထဲမှာ ရက်အတန်ကြာ ရှိနေခဲ့တဲ့ တရုတ် မိုးပျံပူဖောင်းကို ပြီးခဲ့တဲ့ သီတင်းပတ်ကုန်မှာတော့ အမေရိကန် [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံတကာရေးရာ

ပါကစ္စတန်ရဲ့ အာဏာသိမ်း စစ်ခေါင်းဆောင်ဟောင်း၊ သမ္မတဟောင်း မူရှာရက်ဖ် ကွယ်လွန်

ပါကစ္စတန်ရဲ့ အာဏာသိမ်း စစ်တပ် အကြီးအကဲဟောင်းနဲ့ သမ္မတဟောင်း ပါဗက်ဇ် မူရှာရက်ဖ်ဟာ အသက် ၇၉ နှစ် အရွယ်မှာ နာတာရှည် ရောဂါနဲ့ ကွယ်လွန်သွားကြောင်း သိရပါတယ်။  ဖေဖော်ဝါရီ ၅ ရက်က အာရပ်စော်ဘွားများ ပြည်ထောင်စု [ဆက်လက်ဖတ်ရှုရန်]

အားကစားကဏ္ဍ

တော့တင်ဟမ် ဟော့စပါးရဲ့ ဂိုးအများဆုံး စံချိန်ရှင် ဖြစ်လာတဲ့ ဟယ်ရီကိန်း

မန်ချက်စတာ စီးတီးနဲ့ ပွဲစဉ်မှာ ဂိုးသွင်းနိုင်ခဲ့တဲ့နောက် အသင်းခေါင်းဆောင် ဟယ်ရီကိန်းဟာ တော့တင်ဟမ် ဟော့စပါး အသင်းရဲ့ သမိုင်းတလျှောက် ဂိုးအများဆုံး ကစားသမားအဖြစ် စံချိန်သစ် တင်နိုင်ခဲ့ပါတယ်။  ပိုပြီး ချိုမြိန်ခဲ့တဲ့ အချက်ကတော့ လက်ရှိ ပရီးမီးယားလိဂ် ချန်ပီယံတွေဖက်ကို [ဆက်လက်ဖတ်ရှုရန်]