ဒေသအလိုက် သတင်းကဏ္ဍ
မြစ်ဆုံစီမံကိန်းကို လုံးဝကန့်ကွက်တယ်လို့မောင်စိန်ဝင်း(ပုတီးကုန်း)ပြောကြား
ပုသိမ် ဖေဖေါ်ဝါရီ၆ရက် ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့ မြို့တော်ခမ်းမဝန်းအတွင်း ယနေ့  ဖေဖေါ်ဝါရီလ၆ရက်နေ့ ညပိုင်းအချိန်၌ ပုသိမ်ခရိုင်လူထုဗဟိုပြုဌာန(Community Centre) စာအုပ်/စာစောင်ချစ်မြတ်နိုးသူများအသင်း(Book Club) မှစီစဉ်ကျင်းပပြုလုပ်သော ဧရာဝတီချစ်သူများ စာပေဟောပြောပွဲတွင် ဧရာဝတီမြစ်ဆုံစီမံကိန်းကို လုံးဝကန့်ကွက်ကြောင်း စာရေးဆရာ မောင်စိန်ဝင်း(ပုတီးကုန်း)ကပြောကြားခဲ့သည်။ [ဆက်လက်ဖတ်ရှုရန်]
ဒေသအလိုက် သတင်းကဏ္ဍ
ထောင်ဝင်စာခေါင်းလျှော်ရည်ဗူးထဲက စိတ်ကြွဆေးပြားတွေမိ
ဒီနေ့ မနက်ပိုင်းမှာ မြောင်းမြအကျဉ်းထောင်မှာကျနေတဲ့ အကျဉ်းသား နိုင်လင်းထွန်းဆီကို ထောင်ဝင်စာပို့ရာမှာပါတဲ့ ခေါင်းလျှော်ရည်ဗူးထဲက စိတ်ကြွဆေးပြားတွေ ဖမ်းမိခဲ့တယ်လို့ သိရပါတယ် ။ မြောင်းမြအကျဉ်းထောင်မှာ ထောင်ဒဏ် ၂၉ နှစ်ကျခံနေရတဲ့ နိုင်လင်းထွန်း(ခ)ဖိုးခွေး(ခ)တင်ကိုဦး ဆီကို ဇော်မင်းကို(ခ)ရာမန် နဲ့ ပိုးအိဖြူ [ဆက်လက်ဖတ်ရှုရန်]
ဒေသအလိုက် သတင်းကဏ္ဍ
အဂတိလိုက်စားမှုနဲ့ လပွတ္တာက ဒုရဲအုပ်ကို ပုသိမ်တရားလွှတ်တော်မှာ တရားစွဲတင်မယ်
ဧရာဝတီတိုင်း ၊ လပွတ္တာမြို့နယ် ၊ ကန်ဘဲ့နယ်မြေစခန်းက ဒုရဲအုပ် အောင်နိုင်ဦးကို အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေ နှင့် ပုသိမ်တရားလွှတ်တော်မှာ တရားဆွဲဆိုသွားမယ်လို့ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်က သတင်းပြန်ကြားရေးအရာရှိ ဦးဟန်ညွှန့်က Delta News Agency [ဆက်လက်ဖတ်ရှုရန်]
ဒေသအလိုက် သတင်းကဏ္ဍ
ငဝန်မြစ်ထဲရေဆင်းကူးရင်း ပျောက်ဆုံးနေတဲ့ ဆယ်တန်းကျောင်းသူလေးကို ရှာဖွေနေတာ ၂၄ နာရီရှိသွားပြီ ဖြစ်ပါတယ်
၁၇၊ဒီဇင်ဘာ၊၂၀၁၈။ ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့တစ်ဖက်ကမ်းသဘောင်္ကျဉ်းရေစင်းဆိပ်ကမ်းမှာ ဒီဇင်ဘာလ ၁၆ ရက်နေ့ နံနက်၁၀နာရီခန့်က မောင်နှစ်မ ၂ ယောက် အတူ ရေဆင်းကူးရာမှ အစ်မဖြစ်သူဆယ်တန်းကျောင်းသူတစ်ဦးရေနစ်ခဲ့ပါတယ်။ ချောင်းသာကနေ ပုသိမ်မြို့တစ်ဖက်ကမ်းရှိအဘွားအိမ်ကိုဒီဇင်ဘာကျောင်းပိတ်ရက်အလည်လာရင်း၃ရက်ကြာနေထိုင်ချိန်မှာ အခုလို ကြုံခဲ့ရတာပါ။ ရေနစ်ခဲ့တဲ့သူတွေကတော့ ၄ တန်းကျောင်းသား [ဆက်လက်ဖတ်ရှုရန်]
ပုသိမ်ခရိုင်
ပုသိမ်မြို့မှာ တွင်ကျယ်လာတဲ့ သုံးဘီးဆိုင်ကယ်လေးတွေ
၁၆ ၊ ဒီဇင်ဘာ ၊၂၀၁၈ ။ ပုသိမ်မြို့ပေါ် ဥဒဟိုသွားလာနေတဲ့ ရောင်စုံ သုံးဘီးဆိုင်ကယ်လေးတွေကို ခုနောက်ပိုင်း ပိုပြီးတွေ့လာနေရပါတယ်။ အသုံးတွင်ကျယ်လို့ အစီးရေပိုများလာတဲ့ သုံးဘီးဆိုင်ကယ်လေးတွေအကြောင်းကို Delta News Agency က တင်ဆက်ပေးထားပါတယ်။
မြောင်းမြခရိုင်
ပင်းတယမီးအိမ်ရှင် ဒေါက်တာသန်းမင်းထွဋ် ကို မြောင်းမြမြို့က သောင်းသောင်းဖြဖြကြိုဆို
၁၆၊ဒီဇင်ဘာ၊၂၀၁၈။ မြောင်းမြမြို့ ပြည်သူ့ဆေးရုံကြီးကို ပြောင်းရွှေ့တာဝန်ထမ်းဆောင်ဖို့ ဒီနေ့မွန်းလွဲ ၁ နာရီခန့်မှာ မြောင်းမြမြို့ဆိပ်ကမ်းသို့ ရောက်ရှိလာတဲ့ ဒေါက်တာ သန်းမင်းထွဋ်ကို မြောင်းမြမြို့သူမြို့သားတွေက သောင်းသောင်းဖြဖြကြိုဆိုခဲ့ကြပုံတွေကို Delta News Agency က တင်ဆက်လိုက်ပါတယ် ။
No Picture
ဟင်္သာတခရိုင်
ငါးမျက်နှာစေတီဝန်းတွင်းက ဆိုင်ခန်းတွေကိစ္စ ဂေါပကအဖွဲ့ ပြန်လည်ဖြေရှင်း
၁၅ ၊ ဒီဇင်ဘာ ၊ ၂၀၁၈ ။ ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတမြို့က ငါးမျက်နှာစေတီတော်အတွင်း အုတ်တံတိုင်းဖြိုပြီး ဈေးဆိုင်ခန်းတွေ ဆောက်နေတဲ့ ကိစ္စကို ဦးဆောင်လုပ်နေတဲ့ ဘုရားဂေါပက အဖွဲ့က မနေ့က ဒီဇင်ဘာလ ၁၄ ရက်နေ့မှာ [ဆက်လက်ဖတ်ရှုရန်]
No Picture
ဒေသအလိုက် သတင်းကဏ္ဍ
ရေကြည်မြို့နယ်က ကမ်းနီတိုက်နယ်ဆေးရုံ လျှပ်စစ်မီးလင်းပြီ
၁၄ ၊ ဒီဇင်ဘာ ၊ ၂၀၁၈ ။ ဧရာဝတီတိုင်းဒေသကြီး ၊ ရေကြည်မြို့နယ်ထဲ ကမ်းနီတိုက်နယ်ဆေးရုံမှာ ဆိုလာစနစ် လျှပ်စစ်မီးဖွင့်ပွဲအခမ်းအနားကို မနေ့က ဒီဇင်ဘာ ၁၃ ရက်နေ့မှာ ဆေးရုံဝင်းအတွင်းမှာ ကျင်းပခဲ့ပါတယ် ။ ဘယ်ဂျီယံနိုင်ငံအခြေစိုက် [ဆက်လက်ဖတ်ရှုရန်]
Uncategorized
မြစ်ဝကျွန်းပေါ်သတင်းအေဂျင်စီ ( Delta News Agency )
မင်္ဂလာပါ ခင်ဗျာ ဧရာဝတီတိုင်းဒေသကြီး ရဲ့ နေ့စဉ်ဖြစ်ပေါ်နေတဲ့ ထူးခြားဖြစ်စဉ် သတင်းတွေကို မြစ်ဝကျွန်းပေါ်သတင်းအေဂျင်စီ ( Delta News Agency ) က အချိန်နှင့်တပြေးညီ တင်ဆက်ပေးတော့ မှာ ဖြစ်ပါတယ် ခင်ဗျာ ။ [ဆက်လက်ဖတ်ရှုရန်]
ဒေသအလိုက် သတင်းကဏ္ဍ