ငါးမျက်နှာစေတီဝန်းတွင်းက ဆိုင်ခန်းတွေကိစ္စ ဂေါပကအဖွဲ့ ပြန်လည်ဖြေရှင်း

၁၅ ၊ ဒီဇင်ဘာ ၊ ၂၀၁၈ ။

ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတမြို့က ငါးမျက်နှာစေတီတော်အတွင်း အုတ်တံတိုင်းဖြိုပြီး ဈေးဆိုင်ခန်းတွေ ဆောက်နေတဲ့ ကိစ္စကို ဦးဆောင်လုပ်နေတဲ့ ဘုရားဂေါပက အဖွဲ့က မနေ့က ဒီဇင်ဘာလ ၁၄ ရက်နေ့မှာ သတင်းစာရှင်းလင်းပွဲ လုပ်ခဲ့ပါတယ် ။သံဃာတော်တွေ နဲ့ ဒေသခံတွေ ကန့်ကွက်မှုရှိနေပေမယ့် ဂေါပက အဖွဲ့ကတော့ သက်ဆိုင်ရာ တာဝန်ရှိသူတွေရဲ့ ခွင့်ပြုချက် ရလို့ လုပ်တာလို့ ဆိုပါတယ် ။