ရေကြည်မြို့နယ်က ကမ်းနီတိုက်နယ်ဆေးရုံ လျှပ်စစ်မီးလင်းပြီ

၁၄ ၊ ဒီဇင်ဘာ ၊ ၂၀၁၈ ။

ဧရာဝတီတိုင်းဒေသကြီး ၊ ရေကြည်မြို့နယ်ထဲ ကမ်းနီတိုက်နယ်ဆေးရုံမှာ ဆိုလာစနစ် လျှပ်စစ်မီးဖွင့်ပွဲအခမ်းအနားကို မနေ့က ဒီဇင်ဘာ ၁၃ ရက်နေ့မှာ ဆေးရုံဝင်းအတွင်းမှာ ကျင်းပခဲ့ပါတယ် ။ ဘယ်ဂျီယံနိုင်ငံအခြေစိုက် Bribht Foundation လှူဒါန်းပြီး ပါရမီစွမ်းအင်ကုမ္မဏီက ပံ့ပိုးကူညီပြီး ဆိုလာလျှပ်စစ်မီးရရှိခဲ့တာ ဖြစ်ပါတယ် ။ 15KV ထွက်ရှိတဲ့ ဆိုလာစနစ်ကို ကျပ်သိန်း ၂ ထောင်ကုန်ကျခံတပ်ဆင်ခဲ့တာ ဖြစ်ပါတယ် ။