ဒေသအလိုက် သတင်းကဏ္ဍ

ကလေးမြို့ CDM အင်ဂျင်နီယာ တဦးကို စစ်တပ်ကဖမ်းဆီး

ကလေးမြို့၊ ချမ်းမြေ့အောင်စည်ရပ်ကွက်နေ၊ ဦးသူရကျော်ကို ဇူလိူင်လ ၁၇ ရက်နေ့ နေ့လယ်ပိုင်းမှာ ကလေးမြို့ ဒေသကွတ်ကဲရေး စစ်ဌာနချုပ်(ဒ.က.စ)က လာရောက်ဖမ်းဆီးသွားတယ်လို့သိရပါတယ်။ စစ်ကောင်စီမီဒီယာတစ်ခုဖြစ်တဲ့ Fifty Two က ဦးသူရကျော်ဟာ လူမူကွန်ယက်မှာ မဟုတ်မမှန် သတင်းဖြန့်ဝေတဲ့အတွက်ဖမ်းဆီးတယ်လို့ ဖော်ပြထားပေမယ့် [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ဖလမ်းက ထွက်ခွာလာတဲ့ စစ်ကောင်စီစစ်ကြောင်း ဟားခါးမြို့ကိုရောက်ရှိ

ဖလမ်းကနေ ဟားခါးကိုထွက်ခွာလာတဲ့စစ်ကောင်စီစစ်ကြောင်းဟာ ဇူလိူင်လ ၁၇ ရက် ညနေပိုင်းမှာ ဟားခါးမြို့ကို ရောက်ရှိလာတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ ဟားခါးမြို့ကို ရောက်ရှိလာချိန်မှာ ဒဏ်ရာရလာတဲ့ စစ်ကောင်စီတပ်သားတွေကို ဟားခါးဆေးရုံကြီးကိုပို့ဆောင်တာ တွေ့ရတယ်လို့ ဒေသခံတွေက ဆိုပါတယ်။ “မြို့သစ်ဘက်ကနေလာပြီး ဆေးရုံဘက်ကိုကားနှစ်စီးဆင်းသွားတာတွေ့လိုက်ရတယ်။ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

တံတားဦး စစ်ဆေးရေးဂိတ် မိုင်းပစ်တိုက်ခိုက်ခံရ

ဇူလိုင်လ ၁၇ ရက်နေ့ ည ၈ ခန့်မှာ မန္တလေးတိုင်း တံတားဦးမြို့နယ် ကျောက်နယ်လမ်းဟောင်း စစ်ဆေးရေးဂိတ်ကို မိုင်းပစ်တိုက်ခိုက်ခဲ့ပြီး အဲဒီတိုက်ခိုက်မှုဟာ Kaung For You က ဆရာ၊ ဆရာမတွေကို သိက္ခာချ ဖမ်းဆီးတဲ့အတွက် [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

တမူးမြို့မှာ ဆိုင်ကယ်ကို ယောကျ်ားလေးနှစ်ယောက်စီးရင် ဖမ်းဆီးနေ

စစ်ကိုင်းတိုင်း၊ တမူးမြို့မှာ ဆိုင်ကယ်တစ်စီးကို ယောကျ်ားလေးနှစ်ယောက်စီးပါက စစ်ကောင်စီက ဖမ်းဆီးနေတယ်လို့ မြို့ခံတွေက ပြောပါတယ်။ ” မနေ့က (ဇူလိူင် ၁၇) တော်တော်ဖမ်းခံရတယ်။ ယောကျ်ားလေးနှစ်ယောက်စီးလာတဲ့ဆိုင်ကယ်တွေကိုဖမ်းပြီး ရဲစခန်းအချုပ်ထဲထည့်တယ်။” လို့ တမူးမြို့ခံတစ်ဦးကဆိုပါတယ်။ ဆိုင်ကယ်နှစ်ယောက်စီးတဲ့အတွက် ဖမ်းဆီးခံရသူတွေကို အာမခံနဲ့ပြန်သွားထုတ်ရတယ်လို့ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ယောမြို့နယ်မှာ ဆန်ကို ကန့်သတ်ပို့ကုန်အဖြစ် သတ်မှတ်

ဂန့်ဂေါမြို့နယ်မြောက်ပိုင်း၊ ယောနယ်က ဆန်တွေကို တခြားဒေသတွေကို သယ်ယူပို့ဆောင်မှုတွေ မပြုလုပ်ဖို့ ဒေသကာကွယ်ရေး အဖွဲ့တွေက ပိတ်ပင်လိုက်တယ်လို့ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေဆီက သိရပါတယ်။ အခုလိုပိတ်ပင်တာဟာ အကြမ်းဖက်စစ်တပ်ဘက်က စစ်ကြောင်းထိုးပြီး ဖြတ် ၄ ဖြတ်လုပ်ခဲ့ရင် အဆင်သင့်ဖြစ်စေအောင်နဲ့ တန်ပြန်တာတွေ လုပ်ဆောင်နိုင်အောင် [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံတကာရေးရာ

ကမ္ဘာ့ပြေးခုန်ပစ်ချန်ပီယံပြိုင်ပွဲ တက်ရောက်လာတဲ့ ဂျပန်ကိုယ်စားပြုအဖွဲ့ဝင် ၇ ဦးမှာ ကိုဗစ်ရောဂါတွေ့ရှိ 

အမေရိကန်နိုင်ငံ အိုရီဂွန်ပြည်နယ်မှာ ဇူလိုင်လ ၁၅ရက်နေ့ကခ ကျင်းပခဲ့ပြီး  ဂျပန်ကိုယ်စားပြုတက်ရောက်လာတဲ့ မာရသွန်အသင်းမှာ COVID-19 ကူးစက်ခံထားရသူ ၇ ဦးကို တွေ့ရှိခဲ့တယ်လို့ ဇူလိုင်လ ၁၆ရက်နေ့က ထုတ်ပြန်လိုက်ပါတယ်။ ကူးဆက်ခံရတဲ့သူတွေထဲမှာ အားကစားသမား ၂ ဦး၊ အသင်းဝန်ထမ်း [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

စစ်ကောင်စီရဲ့ ကျွန်းပင်ဂိတ်စခန်းကို DRPA အဖွဲ့က ဒရုန်းနဲ့တိုက်ခိုက်

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့အဝင်က အကြမ်းဖက်စစ်ကောင်စီရဲ့ ဂိတ်စခန်းတစ်ခုဖြစ်တဲ့ ကျွန်းပင်ဂိတ်စခန်းကို အာဏာရှင်တော်လှန်ရေး ပြည်သူ့စစ်တပ်(DRPA)က ဇူလိုင်လ ၁၆ ရက်နေ့လည်ပိုင်းက ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ DRPAက ထုတ်ပြန်ပါတယ်။ ဒါ့အပြင် လက်နက်ငယ်တွေနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့တဲ့အတွက် စစ်ကောင်စီဘက်က ၇ဦးလောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။​ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ရန်ကုန်မှာ အိမ်သုံးဂက်စ်ပြတ်လပ်ပြီး ဈေးတက်နေ

ရန်ကုန်တိုင်းဒေသကြီးအတွင်း မီးသွေးအစားထိုးအသုံးပြုနေရတဲ့ အိမ်သုံးဂက်စ်တွေ ပြတ်လပ်မှုကြောင့် စားသောက်ဆိုင်အချို့နဲ့ ဂက်စ်မီးဖို အသုံးပြုသူတွေအနေနဲ့အခက်တွေဖြစ်နေတယ်လို့ ရန်ကုန်မြို့ခံတွေက ပြောပါတယ်။ “အခု ၃၊ ၄ ရက်လောက်ရှိပြီ ဂက်စ်တွေမရတာ၊ စက်ရုံတွေကကို မရတာဖြစ်နေတော့ ကျွန်တော်တို့ဆီမှာလည်း မရှိတော့သလောက်ဖြစ်နေပြီ။ နောက်ပိုင်းရက်တွေမှာ ရ၊ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံတကာရေးရာ

ပေါ်တူဂီ တောမီးလောင်ကျွမ်းမှုအတွင်း မီးသတ်လေယာဉ်ပျက်ကျမှုကြောင့် လေယာဉ်မှုး သေဆုံး

ဇူလိုင်လ ၁၅ရက်နေ့က ပေါ်တူဂီနိုင်ငံ မြောက်ပိုင်း Torre de Moncorvo ဒေသမှာ  တောမီးလောင်ကျွမ်းနေချိန် ဝေဟင်ကနေ မီးငြိမ်းသတ်တဲ့ လေယာဉ်တစီးပျက်ကျခဲ့တာကြောင့်  လေယာဉ်မှူးတစ်ဦး သေဆုံးခဲ့တယ်လို့ အာဏာပိုင်တွေက ပြောကြားလိုက်ပါတယ်။ မီးသတ်လေယာဉ်ပေါ်မှာ လေယာဉ်မှူးတစ်ဦးတည်း လိုက်ပါခဲ့တာဖြစ်ပြီး ကား [ဆက်လက်ဖတ်ရှုရန်]

ဆောင်းပါး

တပတ်တာ နွေဦးပုံရိပ်လွှာ

ဆည်တမံ တခု၏ တာဘောင် အစိတ်အပိုင်းတနေရာဆီက မြင်ကွင်းတခု..။ ရုတ်တရက်ကြည့်သော် ပုရွက်ဆိတ်ကလေးများလောဟုပင် ထင်မိစေသော လူတန်းရှည်ကြီးတခုလည်း ထိုမြင်ကွင်းအတွင်း ပါဝင်နေသည်။ ပုံရိပ်အတွင်း အစက်အပျောက်လေးများအဖြစ်သာ တွေ့ရသော်လည်း အတန်းလိုက်ရှည်လျားစွာတွေ့ ရသော လူတန်းရှည်ကြီးသည် အရေအတွက်အားဖြင့် ရာဂဏန်းမျှရှိမည်ဟုခန့်မှန်းရသည်။ ပုံရိပ်အတွင်း [ဆက်လက်ဖတ်ရှုရန်]