မြန်မာ့အရေး မလေးရှားနိုင်ငံခြားရေးဝန်ကြီးနဲ့ ဂျပန်နိပွန်ဖောင်ဒေးရှင်းဥက္ကဌ ဆွေးနွေး

မြန်မာ့အရေး မလေးရှားနိုင်ငံခြားရေးဝန်ကြီးနဲ့ ဂျပန်နိပွန်ဖောင်ဒေးရှင်းဥက္ကဌ ဆွေးနွေး

မြန်မာ့နိုင်ငံရေးနဲ့ပတ်သက်ပြီး အရေးကြီးနယ်ပယ်တော်တော်များများကို မလေးရှားနိုင်ငံခြားရေးဝန်ကြီးနဲ့ ဂျပန်နိပွန် ဖောင်ဒေးရှင်းဥက္ကဌတို့ ဆွေးနွေးရာမှာ သဘောတူခဲ့ကြတယ်လို့ သိရပါတယ်။ မလေးရှား နိုင်ငံခြားရေးဝန်ကြီး Saifudin Abdullah က နိပွန် ဖောင်ဒေးရှင်းဥက္ကဋ္ဌ မစ္စတာ ဆာဆာကာဝါကို မေလ၁၇ရက်ကသူရဲ့ရုံးမှာ လက်ခံတွေ့ဆုံခဲ့ကြောင်း မလေးရှားနိုင်ငံခြားရေးဝန်ကြီးရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ ဖော်ပြခဲ့ပါတယ်။ အရပ်သားတွေရဲ့ လုံခြုံရေးအတွက် အပစ်အခတ်ရပ်စဲရေးကို ပါဝင်ပတ်သက်သူအားလုံးက လိုက်နာကြဖို့ ၊ လူသားချင်းစာနာထောက်ထားမှု အကူအညီပေးရေးလမ်းကြောင်းတွေ ဖန်တီးဖို့ လိုအပ်ကြောင်း စတဲ့ကိစ္စတွေမှာ သဘောတူကြတယ်လို့ ဆိုပါတယ်။…

Read More