နိုင်ငံရေး

အာဏာသိမ်းပြီးနောက် ကရင်နီမှာ အရပ်သားပြည်သူ သုံးရာနီးပါးသေဆုံး

ပြည်တွင်းမှာအာဏာသိမ်းပြီးနောက်ပိုင်း ကယား(ကရင်နီ)ပြည်နယ်ထဲမှာ အရပ်သားပြည်သူ ၃၀၀ နီးပါးသေဆုံးခဲ့တယ်လို့ တိုးတက်သောကရင်နီပြည်သူ့အင်အားစု PKPF က ဒီကနေ့ ဇန်နဝါရီ ၁ရက်နေ့မှာထုတ်ပြန်လာပါတယ်။ စစ်အာဏာသိမ်းပြီးနောက်ပိုင်း၂၀၂၁ မေလကတည်းက စစ်ကောင်စီနဲ့ကရင်နီကာကွယ်ရေးတပ်တွေကြားတိုက်ပွဲတွေပြင်းထန်နေတဲ့ကယားပြည်နယ်ထဲမှာတော့ တိုက်ပွဲမရှိပဲ စစ်ကောင်စီတပ်တွေဘက်ကကျေးရွာတွေဘက်ကိုလက်နက်ကြီးနဲ့ပစ်ခတ်တာတွေ၊ စစ်ကြောင်းထိုးနေချိန်ဖမ်းဆီးသတ်ဖြတ်ခံရတာတွေရှိသလို မြေမြုပ်မိုင်းကြောင့် အရပ်သားတွေလည်းသေဆုံးရတယ်လို့ဆိုပါတယ်။ “အဓိက [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ဖယ်ခုံကလူသားဒိုင်းအဖြစ်အဖမ်းခံရတဲ့ရွာသားတွေကိုစစ်တပ်က ထောင် ၃နှစ်စီချ

ရှမ်းကယားနယ်စပ်က ဖယ်ခုံမြို့မှာ ပြီးခဲ့တဲ့ဇန်နဝါရီလတုန်းက စစ်တပ်ကလူသားဒိုင်းအဖြစ်ဖမ်းဆီးသွားတဲ့ ရွှေပြည်အေးရွာသား ၁၈ဦးကို အကြမ်းဖက်ပုဒ်မတွေနဲ့ စွပ်စွဲပြီး အခုဒီဇင်ဘာလထဲမှာ ထောင် ၃နှစ်စီချလိုက်တယ်လို့ တိုးတက်သောကရင်နီပြည်သူ့အင်အားစု(PKPF) ကပြောပါတယ်။ “အခုလိုလူသားဒိုင်းအဖြစ်ဖမ်းဆီးခံရပြီးတော့ထောင်ချခံရတာသိထားလိုက်တယ်။ ပုဒ်မ ၅၂(က)နဲ့တရားစွဲခံရပြီးလွိုင်ကော်မြို့တောင်လေးလုံးအကျဥ်းထောင်တွင်းတရားရုံးကထောင်ဒဏ်ချမှတ်တာ”လို့ တိုးတက်သောကရင်နီပြည်သူ့အင်အားစု(PKPF) ကတာဝန်ရှိသူကပြောပါတယ်။ အခုလိုရွာသားတွေဖမ်းဆီးထောင်ချခံရတဲ့ ဖယ်ခုံမြို့နယ်ရွှေပြည်အေးကျေးရွာဟာ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ကရင်နီဒေသစစ်ဘေးရှောင်စခန်းတွေမှာ သောက်သုံးရေရှားပါးလာ

မိုးတွင်းကာလကုန်ပြီးနောက် လက်ရှိ ကရင်နီ ဒေသတွင်းက စစ်ဘေးရှောင်စခန်းတွေမှာ သောက်သုံးရေရှားပါးလာပြီး စစ်ဘေးရှောင် ကူညီရေးအဖွဲ့တွေက ကူညီထောက်ပံ့ပေးနေ ရတယ် လို့ သိရပါတယ်။ အခုလို မိုးအကုန်ကာလတွေမှာ စစ်ရှောင်စခန်း တွေအားလုံး သောက်သုံးရေလိုအပ်ချက်ရှိလာလို့ စတင်ကူညီပေးနေရပြီဖြစ်တယ်လို့ Mobye Rescue [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ဗိုးဗြဲမြို့တိုက်ပွဲ လေးရက်အတွင်း နေအိမ် အလုံးတရာကျော်ပျက်စီး

ဗိုးဗြဲမြို့မှာ တိုက်ပွဲဖြစ်ပွားခဲ့တဲ့ (၄) ရက်တာကာလအတွင်း စစ်ကောင်စီဘက်က ပစ်ခတ်တဲ့လက်နက်ကြီး ကျည်ဆံတွေ အရပ်သား ပြည်သူတွေနေထိုင်တဲ့ အိမ်တွေအပေါ် ကျရောက်လို့ နေအိမ်ပေါင်း (၁၀၀) ကျော်ပျက်စီး ဆုံးရှုံးခဲ့တယ်လို့ တိုးတက်သော ကရင်နီပြည်သူ့အင်အားစု (PKPF) က သတင်းထုတ်ပြန်ပါတယ်။ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ကရင်နီပြည်နယ်မှာ စစ်တပ်လက်ချက်နဲ့ ကျဆုံးခဲ့တဲ့ပြည်သူ ၂၄၀ နီးပါးရှိ

ကရင်နီပြည်နယ်အတွင်း အကြမ်းဖက်စစ်တပ်လက်ချက်နဲ့ ကျဆုံးသွားတဲ့ပြည်သူ ၂၄၀ နီးပါးရှိတယ်လို့ တိုးတက်သော ကရင်နီပြည်သူ့အင်အားစု (PKPF) က ဒီကနေ့ ထုတ်ပြန်ပါတယ်။ အဲဒီစာရင်းဟာ အာဏာသိမ်းပြီးချိန်ကနေ ဒီနေ့အထိ PKPF က လက်လှမ်းမီသလောက် ပြုစုထားတာဖြစ်ပြီး ကျဆုံးပြည်သူ ၂၃၉ [ဆက်လက်ဖတ်ရှုရန်]