၁၀လအတွင်း NLDပါတီဝင် ၁၃ဦးကျဆုံး၊၄၀၀ကျော် ဖမ်းဆီးခံထားရဆဲ

၁၀လအတွင်း NLDပါတီဝင် ၁၃ဦးကျဆုံး၊၄၀၀ကျော် ဖမ်းဆီးခံထားရဆဲ

၁၊ ဒီဇင်ဘာလ၊ ၂၀၂၁။ အာဏာသိမ်းကာလ၁၀လအတွင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဝင်၁၃ဦး ကျဆုံးခဲ့ပြီး အယောက် ၄၀၀ကျော်ဖမ်းဆီးထိန်းသိမ်းခံထားရဆဲဖြစ်တယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်ကော်မတီ (CWC)က ထုတ်ပြန်ပါတယ်။ အဲဒီစာရင်းဟာ ဖေဖေါ်ဝါရီ၁ရက်ကနေ နိုဝင်ဘာ၃၀ရက်အထိ NLD ဗဟိုအလုပ်ကော်မတီ ကကောက်ယူထား တဲ့စာရင်းဖြစ်ပြီးလက်ရှိဖမ်းဆီးထိန်းသိမ်းခံထားရသူစုစုပေါင်းမှာ ၄၃၂ဦးရှိပါတယ်။ ကျဆုံး၁၃ဦးမှာ စစ်ကြောရေးစခန်းမှာ သတ်ဖြတ်ခံရသူ၊အကျဉ်းကျနေစဉ် ကျဆုံးသူနဲ့ ပြန်လည် လွတ်မြောက်ပြီးမကြာမီ ကျဆုံးသွားသူတို့ဖြစ်ကြောင်း သိရပါတယ်။ NLDဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးဉာဏ်ဝင်းဟာ အင်းစိန်ထောင်ထဲမှာ ကိုဗစ်ပိုးကူးစက်ခံရတာကြောင့် ကျဆုံးခဲ့ခြင်းဖြစ်ပြီး ဗဟိုပြန်ကြားရေးကော်မတီအတွင်းရေးမှူးမုံရွာအောင်ရှင်ဟာ စစ်ကြောရေးစခန်းကနေ…

Read More
NLDအမတ်နဲ့ ပါတီဝင် ၅၈၀ ပါဝင်တဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

NLDအမတ်နဲ့ ပါတီဝင် ၅၈၀ ပါဝင်တဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

၂၆၊ နိုဝင်ဘာလ၊ ၂၀၂၁။ NLD ဗဟိုအလုပ်ကော်မတီနဲ့ တိုင်း/ပြည် နယ်အလုပ်အမှုဆောင်တွေရဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ပြည်သူရွေးကောက်ခံလွှတ်တော်အမတ်တွေ အပါအဝင် စုစုပေါင်း၅၈၀ တက်ရောက်ခဲ့ကြပါတယ်။ အစည်းအဝေးကို နိုဝင်ဘာ၂၅ရက်နေ့ကနေ ၂၆ရက်နေ့အထိ အွန်လိုင်းကနေပြုလုပ်ခဲ့တာပါ။ အစည်းအဝေးပထမရက်မှာ ဧရာဝတီတိုင်း၊ ရှမ်းပြည်နယ်၊ မန္တလေးတိုင်း၊ မွန်ပြည်နယ် ၊ မကွေးတိုင်း၊ တနင်္သာရီတိုင်းနဲ့ပဲခူးတိုင်းတို့က NLDအလုပ်အမှုဆောင်တွေနဲ့ လွှတ်တော်ကိုယ်စားလှယ် စုစုပေါင်းလူ၃၈၀ တက်ရောက်ခဲ့ပြီး ဒုတိယနေ့မှာ ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်း၊ ရခိုင်ပြည်နယ်နဲ့…

Read More
နိပွန်ဥက္ကဌ ဆာဆာကာဝါ  NLD ပါတီနဲ့ တရားဝင်တွေ့ဆုံခဲ့ခြင်းမရှိ

နိပွန်ဥက္ကဌ ဆာဆာကာဝါ  NLD ပါတီနဲ့ တရားဝင်တွေ့ဆုံခဲ့ခြင်းမရှိ

၁၉၊ နိုဝင်ဘာလ၊ ၂၀၂၁။ ဂျပန်နိုင်ငံ၊နိပွန်ဖောင်ဒေးရှင်းဥက္ကဌ ဟာ NLD ပါတီနဲ့ တရားဝင်တွေ့ဆုံခဲ့ခြင်းမရှိဘူးလို့ သိရပါတယ်။ နိပွန်ဖောင်ဒေးရှင်ဥက္ကဌ ဆာဆာကာဝါက NLDခေါင်းဆောင်ပိုင်းနဲ့တွေ့ဆုံခဲ့တယ်လို့ သတင်းစာရှင်းလင်းပွဲ မှာပြောကြားခဲ့တဲ့အပေါ် NLD ဗဟိုအလုပ်ကော်မတီ ဦးဆောင်အဖွဲ့ဝင် ဦးအောင်ကြည်ညွန့်ကVOA ကို ပြောပါတယ်။ နိပွန်ဖောင်ဒေးရှင်းဥက္ကဌ သွားရောက်တွေ့ဆုံခဲ့တဲ့သူဟာ သမ္မတဟောင်းဦးထင်ကျော်ရဲ့ဇနီး NLD လွှတ် တော်ကိုယ်စားလှယ်ဒေါ်စုစုလွင် ဖြစ်နိုင်တယ်လို့ ခန့်မှန်းမှုတွေရှိပြီး တကယ်လို့ ဒေါ်စုစုလွင်နဲ့ တွေ့ဆုံ ခဲ့တယ်ဆိုရင်လည်း ပုဂ္ဂိုလ်ရေးတွေ့ဆုံမှုသာဖြစ်တယ်လို့ ဦးအောင်ကြည်ညွန့်ကဆိုပါတယ်။ ‘ဘာဖြစ်လို့လဲဆိုတော့…

Read More
ရွေးကောက်ပွဲတစ်နှစ်ပြည့်မှာ NLDပါတီ ဒီမိုကရေစီရေး ကတိသစ္စာပြု

ရွေးကောက်ပွဲတစ်နှစ်ပြည့်မှာ NLDပါတီ ဒီမိုကရေစီရေး ကတိသစ္စာပြု

၈၊ အောက်တိုဘာလ၊ ၂၀၂၁။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ ပြည်သူ့အာဏာပြည်သူ့ထံပြန်လည်အပ်နှင်းနိုင်ရေးနဲ့ အာဏာရှင်စနစ် အောက်ကနေ အပြီးတိုင်လွတ်မြောက်ပြီးဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုဖြစ်ထွန်းပေါ်ပေါက်ရေးအတွက် တာ ဝန်ကျေပွန်စွာဆက်လက်ထမ်းဆောင်သွားမယ်လို့ဆိုပါတယ်။ နိုဝင်ဘာ၈ရက်နေ့၊၂၀၂၀ပြည့်နှစ်ရွေးကောက်ပွဲတစ်နှစ်ပြည့်၊နှစ်ပတ်လည်နေ့အဖြစ် အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်၊ဗဟိုအလုပ်ကော်မတီက သဘောထားကြေညာချက်ထုတ်ပြန်ရာမှာ အဲဒီလိုပြည်သူကို ကတိသစ္စာပြု လိုက် ခြင်းဖြစ်ပါတယ်။ ပြည်သူတစ်ရပ်လုံးက စစ်အာဏာသိမ်းမှုကို နည်းလမ်းပေါင်းစုံနဲ့ဆန့်ကျင်ကန့်ကွက်နေကြတဲ့အပေါ် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ ကောင်းစွာသိရှိပြီး အထူးလေးစားအားထားကြောင်းလည်း ဆိုပါတယ်။ ၂၀၂၀ပြည့်နှစ်ရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ မဲဆန္ဒနယ်အားလုံးရဲ့ ၈၂ရာခိုင်နှုန်းကျော် ရွေး ကောက်တင်မြှောက်ခံခဲ့ရပြီးဖေဖေါ်ဝါရီ၁ရက်နေ့မှာ စတင်ကျင်းပမယ့်တတိယအကြိမ်လွှတ်တော်အစည်းအဝေး တွေ တက်ရောက်ဖို့ဆောင်ရွက်နေစဉ်…

Read More
တရုတ်ကွန်မြူနစ်ပါတီရဲ့ အွန်လိုင်းအစည်းအဝေးကို NLD ပါတီ တက်ရောက်

တရုတ်ကွန်မြူနစ်ပါတီရဲ့ အွန်လိုင်းအစည်းအဝေးကို NLD ပါတီ တက်ရောက်

၁၀၊ စက်တင်ဘာလ၊ ၂၀၂၁။ တရုတ်ကွန်မြူနစ်ပါတီနဲ့ အာရှဒေသတွင်းက နိုင်ငံရေးပါတီတွေရဲ့ မ​နေ့ကပြုလုပ်တဲ့ အွန်လိုင်း အစည်းအဝေးကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ ကိုယ်စားပြုအ​နေနဲ့ စမ်းချမ်းမြို့နယ်၊ ပါတီအလုပ်အမှု​ဆောင်အဖွဲ့ ဒုတိယဥက္ကဌ ဦးဘ်ိုဘိုဦးတက်ရောက်ခဲ့တယ်လို့ သိရပါတယ်။ အကြမ်းဖက်မြန်မာစစ်တပ်ဟာ ဖေဖော်ဝါရီ ၁ ရက်မှာ အာဏာသိမ်းပြီး ၂၀၂၀ ရွေးကောက်ပွဲအနိုင်ရပါတီ NLD ရဲ့ ခေါင်းဆောင်တွေနဲ့ ပါတီဝင်အများအပြားကို ဖမ်းဆီးထားချိန်မှာ အင်အားကြီးတရုတ်နိုင်ငံရဲ့ကွန်မြူနစ်ပါတီက NLD ကို ဖိတ်ကြားတက်ရောက်စေခဲ့တာဖြစ်ပါတယ်။  …

Read More
ဒီပဲယင်းမြို့မှာ လွှတ်တော်ကိုယ်စားလှယ်တွေကို မတွေ့လို့ မိသားစုဝင်တွေကို ဖမ်းဆီး

ဒီပဲယင်းမြို့မှာ လွှတ်တော်ကိုယ်စားလှယ်တွေကို မတွေ့လို့ မိသားစုဝင်တွေကို ဖမ်းဆီး

၁၈၊ ဩဂုတ်လ၊ ၂၀၂၁။ ဒီပဲယင်းမြို့မှာ ဩဂုတ်လ ၁၈ရက်နေ့ နေ့လည်ပိုင်းက NLDပါတီက လွှတ်တော်ကိုယ်စားလှယ် သုံးဦးရဲ့ နေအိမ်တွေကို အကြမ်းဖက်စစ်အုပ်စုက အင်အားအလုံးအရင်းအသုံးပြုပြီး ဝင်ရောက်ရှာဖွေရာမှာ လွှတ်တော်ကိုယ်စားလှယ်တွေကို မတွေ့ရှိတာကြောင့် မိသားစုဝင်တွေကို ဖမ်းဆီးသွားတယ်လို့ သိရပါတယ်။ စိုင်ပြင်ကျေးရွာမှာ ခတ္တနေထိုင်နေတဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမြင့်အောင်ရဲ့ မိသားစု၊ တိုင်းဒေသကြီး(၁) လွှတ်တော်ကိုယ်စားလှယ် ဒေါ်နှင်းခိုင်စိုးနဲ့ တိုင်းဒေသကြီး (၂) လွှတ်တော်ကိုယ်စားလှယ် ဦးမိုးမင်းဝင်းတို့ မိသားစုဝင်တွေ နေထိုင်ရာ အိမ်တွေကို အကြမ်းဖက်စစ်အုပ်စုက…

Read More