အကြမ်းဖက်စစ်အုပ်စုက ချိပ်ပိတ်သိမ်းဆည်းခဲ့တဲ့နေအိမ် ၅၈၀ ကျော်ပြီလို့ ISP-Myanmar က ထုတ်ပြန်ပါတယ်။ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက် ကနေ ၂၀၂၂ ခုနှစ်၊ မေ ၂၀ ရက်အထိ စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုတွေနဲ့ဆက်စပ်ပြီးနေအိမ်၊ အဆောက်အအုံ အရေအတွက် ၅၈၆ လုံး ထက်မနည်းကို စစ်အုပ်စုက ချိပ်ပိတ်သိမ်းဆည်းခဲ့တယ်လို့ သိရပါတယ်။ ချိပ်ပိတ် သိမ်းဆည်းခံရမှု အများဆုံးဟာ စစ်ကိုင်းတိုင်းအတွင်းက ဖြစ်ပြီး ၁၅၉…
Read Moreတရုတ်-မြန်မာစီးပွားရေးစင်္ကြံ စီမံကိန်းတွေ အကောင်အထည်ဖော်ဖို့ စီစဉ်ထားတဲ့မြို့နယ်တွေမှာ တိုက်ပွဲ ပေါင်းအကြိမ် ၇၀ ကျော်ဖြစ်ပွားခဲ့တယ်လို့ ISP-Myanmar က ထုတ်ပြန်ပါတယ်။ တရုတ်-မြန်မာစီးပွားရေးစင်္ကြံ စီမံကိန်းတွေ အကောင်အထည် ဖော်ဖို့ စီစဉ်ထားတဲ့ မြို့နယ်ပေါင်း ၄၂ ခု မှာ ၂၀၂၁ ခုနှစ် ဇူလိုင် ၁ ရက်ကနေ ၂၀၂၂ ခုနှစ် ဧပြီ ၂၅ ရက်အတွင်း တိုက်ပွဲပေါင်း ၇၇ ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့ပါတယ်။ အဲဒီတိုက်ပွဲတွေထဲက…
Read Moreမြန်မာ့နယ်စပ် ကုန်သွယ်မှု စုစုပေါင်းတန်ဖိုးကို အရင်ဘဏ္ဍာနှစ်နဲ့ ကာလတူနှိုင်းယှဉ်ရင် အမေရိကန်ဒေါ်လာ ၂ ဒသမ ၂၆ ဘီလီယံ လျော့ကျခဲ့တယ်လို့ ISP-Myanmar က ထုတ်ပြန်ပါတယ်။ တရုတ်နယ်စပ် ကုန်သွယ်မှုမှာတော့ ကာလတူနှိုင်းယှဉ်ရင် အမေရိကန်ဒေါ်လာ ၂ ဒသမ ၄ ဘီလီယံ ကျဆင်းခဲ့ပါတယ်။ မီနီဘတ်ဂျက်အတွင်း ကုန်သွယ်မှု လျော့ကျမှု သိသိသာသာမဖြစ်ခင် စစ်အုပ်စုက သွင်းကုန်ကန့်သတ်မှု မူဝါဒတွေ ချမှတ်ခဲ့ပါတယ်။ ၂၀၂၁ ခုနှစ် အောက်တိုဘာလအတွင်းမှာဆိုရင် ဗဟိုဘဏ်က…
Read Moreအကြမ်းဖက်စစ်အုပ်စု အာဏာသိမ်းယူခဲ့ပြီးတဲ့ အချိန်ကစပြီး ၂၀၂၂ခုနှစ် ဧပြီ ၆ ရက်နေ့အထိ အသက်မပြည့်သေးသူ သေဆုံးမှု ၁၃၅ ဦးထက်မနည်း ရှိခဲ့ပြီး တစ်နိုင်ငံလုံးမှာ အရပ်သားသေဆုံးမှု ၂၃၀၀ ကျော် ရှိခဲ့တယ်လို့ ISP Myanmar က စာရင်းပြုစု ဖော်ပြခဲ့ပါတယ်။ ပြီးခဲ့တဲ့နှစ် ဖေဖော်ဝါရီ ၁ ရက်နေ့မှာ စစ်အုပ်စု အာဏာသိမ်းခဲ့ပြီးနောက် ဖြစ်ပေါ်လာတဲ့ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်မှုတွေကို အကြမ်းဖက်ဖြိုခွင်းခဲ့တာကြောင့် အရပ်သားရာနဲ့ချီ သေဆုံးခဲ့ရပါတယ်။ ISP…
Read More၈ လတာအတွင်း တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ (EAOs) နယ်မြေတွေမှာ အကြမ်းဖက်စစ်တပ်နဲ့ တိုက်ပွဲ ၂၀၀၀ ကျော် ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ ၂၀၂၁ ခုနှစ်၊ ဇူလိုင် ၁ ရက်ကနေ ၂၀၂၂ ခုနှစ်၊ မတ် ၂၀ ရက်အထိ ရှစ်လတာအကြား EAOs နယ်မြေတွေမှာ အကြမ်းဖက်စစ်တပ်နဲ့ EAOs တွေကြားတိုက်ပွဲ ၂,၁၉၃ ကြိမ်ထက်မနည်း ဖြစ်ခဲ့တယ်လို့ Institute for Strategy and Policy-Myanmar…
Read More၂၉၊ ဒီဇင်ဘာလ၊ ၂၀၂၁။ မကြာသေးခင်ကပဲ ကမ္ဘာကျော် အဝတ်အထည် ထုတ်လုပ်နေတဲ့ ကုမ္ပဏီ ၂၀ ကျော် ဟာ မြန်မာနိုင်ငံမှာ အထည်ချုပ်လုပ်ငန်း အပ်နှံနေတာတွေကို ရပ်ဆိုင်းဖို့ ဆုံးဖြတ်ခဲ့တယ်လို့ ISP-Myanmarက ထုတ်ပြန်ပါတယ်။ အဲဒီကုမ္ပဏီ၂၀ကျော်ထဲမှာဆွီဒင်နိုင်ငံက H&M၊ စပိန်နိုင်ငံက Inditexနဲ့ ဗြိတိန်နိုင်ငံက Primark တို့ပါဝင်တယ် လို့သိရပါတယ်။ အဲဒီဆုံးဖြတ်ချက်ဟာ မြန်မာနိုင်ငံမှာရင်းနှီးမြှုပ်နှံထားတဲ့ အထည်ချုပ်စက်ရုံတွေအတွက် အကြီးမားဆုံးထိုးနှက်ချက်ဖြစ်ပြီး မြို့ပြလုပ်သားတွေအတွက် အလုပ်လက်မဲ့ဦးရေကို သိသာစွာမြင့်တက် လာစေတယ်လို့ စက်ရုံတည်ဆောက်ရေးလုပ်ငန်းရှင်တစ်ဦးကပြောပါတယ်။…
Read More