ဇွန်လ၁၉ရက်နေ့၊ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့မှာ တစ်နိုင်ငံလုံးလွတ်မြောက်ရေးဆုတောင်းလှုပ်ရှားမှု ဆင်နွှဲကြဖို့ အထွေထွေသပိတ်ပေါင်းစပ်ညှိနှိုင်းရေးအင်အားစု(GSCB)က လှုံ့ဆော်လိုက်ပါတယ်။ ဇွန်လ ၁၉ရက်နေ့ မှာ တစ်နိုင်ငံလုံးက ဘာသာပေါင်းစုံ လူထုကြီးဟာ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့တကွ နိုင်ငံရေးအကျဉ်းတွေအတွက်၊သေဒဏ်ချမှတ်ခံရတဲ့ ရဲဘော်တွေအတွက်၊ အခုချိန်ထိ ဘက်ပေါင်းစုံကနေ တိုက်ပွဲဝင်နေကြတဲ့ ရဲဘော်အပေါင်းတို့အတွက်နဲ့ တိုင်းပြည်ကြီးအတွက်ကိုယ်မြို့ကိုယ်ရွာမှာရှိကြတဲ့ တန်ခိုးကြီးဘုရားတွေ၊ ဘုရားကျောင်းတွေ၊ ဗလီတွေ စတဲ့ ဝတ်ပြုဆုတောင်းရာ နေရာအသီးသီးကို သွားရောက်ပြီး ဆုတောင်းကြပါလို့ GSCB က နှိုးဆော်ပါတယ်။ ‘လာမယ့် ၁၉ ရက်နေ့ဟာ…
Read Moreဒီနေ့မေလ ၅ ရက်နေ့ဟာ “ပြည်သူ့ကာကွယ်ရေးတပ်မတော် – PDF” ဖွဲ့စည်းတည်ထောင်ခြင်း ထုတ်ပြန်ကြေညာခဲ့တဲ့ တစ်နှစ်ပြည့်နေ့အဖြစ် ပြည်သူလူထုအနေနဲ့ တော်လှန်ရေးတိုက်ပွဲတွေကို အရှိန်အဟုန်မြှင့် ဆောင်ရွက်ကြဖို့ GSCB က နှိုးဆော်တိုက်တွန်းထားပါတယ်။ “နွေဦးအစ CDM က နွေဦးအသံ သပိတ်မာန် နွေဦးအသက် PDF တော်လှန်ရေး အဆုံးသတ် အတူချီတက်” ဆောင်ပုဒ်နဲ့အညီ နိုင်ငံတွင်း တောင်ပေါ်မြေပြန့် နေရာအနှံမှာ တိုင်းရင်းသားတော်လှန်ရေး အဖွဲ့အစည်းတွေ ဒေသဆိုင်ရာ တော်လှန်ရေး အင်အားစုတွေနဲ့…
Read Moreအကြမ်းဖက်ခေါင်းဆောင် မင်းအောင်လှိုင်က တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ ငြိမ်းချမ်းရေးဆွေးနွေးဖို့ ဖိတ်ခေါ်မှုဟာ အာဏာရှင် အစဉ်အဆက် လုပ်ဆောင်ခဲ့တဲ့ အယောင်ပြ ငြိမ်းချမ်းရေးသာ ဖြစ်လာမယ်လို့ အထွေထွေသပိတ် ပေါင်းစပ်ညှိနှိုင်းရေးအင်အားစု GSCBရဲ့ သဘောထား ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ဧပြီလ ၂၂ရက်နေ့မှာ စစ်အုပ်စုခေါင်းဆောင် မင်းအောင်လှိုင်က တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ခေါင်းဆောင်တွေနဲ့ တွေ့ဆုံပြီး ငြိမ်းချမ်းရေးဆွေးနွေးလိုတယ်လို့ စစ်အုပ်စုရဲ့ ဝါဒဖြန် ရုပ်သံနဲ့ သတင်းဌာနတွေကနေ ပြောကြားခဲ့တဲ့အပေါ်မှာ GSCBက သဘောထားကြေချက်တစ်ခုထုတ်ပြန်ခဲ့ပြီး အခုလို ထည့်သွင်းဖော်ပြခဲ့တာပါ။ စစ်ရာဇဝတ်မှုတွေကို ဆက်တိုက်ကျူးလွန်နေတဲ့…
Read More“နိုင်ငံရေးအကျဉ်းသားများ အားလုံး မလွတ်မချင်း ထောင်အင်္ကျီအပြာရောင် ကိုမချွတ်ဘူး ” လို့ ကတိပြုခဲ့တဲ့ ဆရာကြီး ဦးဝင်းတင် ကွယ်လွန်ခြင်း ၈ နှစ်ပြည့်တဲ့နေ့ဒီနေ့ဧပြီလ ၂၁ ကို အောက်မေ့သတိရ ထုတ်ဖော်ပြီး နိုင်ကျဥ်းတွေနဲ့အတူ ရပ်တည်ကြောင်း ပြကြဖို GSCB က လှုံဆော်ထားပါတယ်။ မနှစ်က ဖေဖော်ဝါရီလ (၁) ရက်နေ့ နောက်ပိုင်းကစ ပြည်သူ့အာဏာပြည်သူပြန်ရဖို့နဲ့ ဖယ်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုအတွက် တိုက်ပွဲဝင်နေကြတဲ့ ပြည်သူလူထုဟာ အကြမ်းဖက်စစ်အုပ်စုရဲ့ ဖမ်းဆီးအကျဥ်းချခြင်း…
Read Moreအကြမ်းဖက်စစ်အုပ်စုရဲ့ အတုအယောင်သင်္ကြန်ကို သပိတ်မှောက်ကြဖို့ အထွေထွေသပိတ် ပေါင်းစပ်ညှိနှိုင်းရေးအင်အားစု (GSCB) က တိုက်တွန်းလိုက်ပါတယ်။ ဒီနေ့မနက်ပိုင်းမှာ GSCB က‘မြန်မာနှစ်သစ်ကူးသင်္ကြန်နှင့်စပ်လျဉ်း၍ ပြည်သူလူထုသို့ တိုက်တွန်းနှိုးဆော်လွှာ’ ဆိုပြီး ထုတ်ပြန်ရာမှာ အဲဒီလို ဖော်ပြထားပါတယ်။ ပြည်သူတွေအနေနဲ့ အကြမ်းဖက်စစ်အုပ်စုက အဓမ္မ လုပ်ကြံပုံဖော်နေတဲ့ “အပျော်သင်္ကြန်” ကို လုံးဝလက်မခံ၊ ငြင်းဆန်ပြီး “တော်လှန်သင်္ကြန်” အဖြစ် မှတ်ယူ၊ ဖြတ်သန်းကြရမှာဖြစ်ပြီး တော်လှန်င်္ကြန်အဖြစ် ဘယ်လိုဖြတ်သန်းကြမလဲ ဆိုတာကို မကြာခင် ဆက်လက်တင်ပြသွားမယ်လို့လည်း ထုတ်ပြန်ထားပါတယ်။…
Read More