“ထောင်အင်္ကျီအပြာဝတ် နိုင်ကျဥ်းတွေနဲ့အတူ ရပ်တည်ကြမယ့်နေ့” အဖြစ် GSCB ထုတ်ပြန်

“နိုင်ငံ​ရေးအကျဉ်းသားများ အားလုံး မလွတ်မချင်း ထောင်အင်္ကျီအပြာရောင် ကိုမချွတ်ဘူး ” လို့ ကတိပြုခဲ့တဲ့ ဆရာကြီး ဦးဝင်းတင် ကွယ်လွန်ခြင်း ၈ နှစ်ပြည့်တဲ့နေ့ဒီနေ့ဧပြီလ ၂၁ ကို အောက်မေ့သတိရ ထုတ်ဖော်ပြီး နိုင်ကျဥ်းတွေနဲ့အတူ ရပ်တည်ကြောင်း ပြကြဖို GSCB က လှုံဆော်ထားပါတယ်။
မနှစ်က ဖေဖော်ဝါရီလ (၁) ရက်နေ့ နောက်ပိုင်းကစ ပြည်သူ့အာဏာပြည်သူပြန်ရဖို့နဲ့ ဖယ်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုအတွက် တိုက်ပွဲဝင်နေကြတဲ့ ပြည်သူလူထုဟာ အကြမ်းဖက်စစ်အုပ်စုရဲ့ ဖမ်းဆီးအကျဥ်းချခြင်း ခံရသလို ထောင်တွင်းမှာလည်း အဖိနှိပ်ခံနေကြရလို့ ထုတ်ပြန်ထားပါတယ်။
ထောင်ထဲမှာရှိနေတဲ့ ရဲဘော်တွေအနေနဲ့ ထောင်တွင်း လှုပ်ရှားမှုတွေ ဆက်လုပ်နေပြီး ယုံကြည်ရာအတွက် တောင်းဆိုနေကြတာမို့ “တိုင်းပြည်အပေါ် စစ်တပ်ကျေးဇူး မူးလို့တောင် ရှူစရာမရှိ” လို့ ပြောခဲ့တဲ့ သတင်းဆရာကြီး ဦးဝင်းတင်အတွက် တတိုင်းတပြည်လုံးက ပြည်သူတွေက “အပြာရောင်အင်္ကျီတွေဝတ်” ပြီး စစ်တပ်ကျေးဇူးမူးလို့မှ ရှူစရာမရှိတာကို ပြသကြဖို့ လှုံဆော်ထားတာပါ။
#BlueShirtCampaign ဆိုတဲ့ hashtag သုံးပြီး မိမိတို့ပုံတွေကို လူမှုကွန်ရက်စာမျက်နှာတွေမှာတင်ပြီး အကျဥ်းထောင်ထဲမှ ရဲဘော်တွေနဲ့အတူ ရပ်တည်ကြောင်းပြပြီး အကျဥ်းထောင်ထဲမှ ရဲဘော်တွေ တောင့်ခံထားကြဖို့နဲ့ အခုချိန်ထိ ထောင်ထဲမှာ တိုက်ပွဲဝင်နေကြတာ ကျေးဇူးတင်ကြောင်း ပြသသွားကြမယ်လို့ ဆိုပါတယ်။