နိုင်ငံရေး

အာဆီယံအထူးသံတမန် ဘယ်သူ့ကိုမဆို တွေ့နိုင်အောင် စစ်အုပ်စုစီစဉ်ပေးဖို့ အီးယူတောင်းဆို

၁၃၊ အောက်တိုဘာလ၊ ၂၀၂၁။ အာဆီယံအထူးသံတမန် တွေ့ဆုံလိုတဲ့ မည်သူ့ကိုမဆို လွတ်လပ်စွာတွေ့ဆုံနိုင်အောင် အကြမ်းဖက် စစ်အုပ်စုအနေနဲ့ ဆောင်ရွက်ပေးရမယ်လို့ ဥရောပသမဂ္ဂကတောင်းဆိုလိုက်ပါတယ်။ အာဆီယံအထူးသံတမန်ရဲ့ ဆောင်ရွက်ချက်တွေကို ပံ့ပိုးကူညီရေးနဲ့စပ်လျဉ်းပြီး ဥရောပသမဂ္ဂကိုယ်စားအထူးကိုယ်စားလှယ်ရဲ့ထုတ်ပြန်ချက်ကို မြန်မာနိုင်ငံဆိုင်ရာဥရောပသမဂ္ဂရုံးက ဒီနေ့ထုတ်ပြန်လိုက်ပါတယ်။ အာဆီယံအထူးသံတမန်က မြန်မာနိုင်ငံသို့ ပုံမှန်လာရောက်ရာမှာ [ဆက်လက်ဖတ်ရှုရန်]