နိုင်ငံရေး

ဝက်လက်မှာ စစ်တပ်နယ်မြေရှင်းလင်းရေးကြောင့် ဒေသခံနှစ်ထောင်နီးပါး မိုးထဲရေထဲ ထွက်ပြေးနေရ

ဇူလိုင်၊ ၁၁   စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ် အနောက်ဘက်ခြမ်းရှိ ကျေးရွာတွေကို စစ်တပ်နယ်မြေရှင်းလင်းရေး အတွက် စစ်ကြောင်းထိုး နေတဲ့အတွက် အနီးနားက ကျေးရွာတွေရှိ ဒေသခံ နှစ်ထောင်နီးပါးလောက်ဟာ မိုးရွာထဲ ထွက်ပြေးနေရတယ်လို့ စစ်ရှောင်ကူညီစောင့်ရှောက်နေသူတွေနဲ့ ဒေသခံတွေက ပြောပါတယ်။ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

စဉ့်ကူးနဲ့ ဝက်လက်မှာ စစ်ကောင်စီစစ်ကြောင်းထိုးနေလို့ရွာနှစ်ဆယ်နီးပါးက ဒေသခံထောင်ချီ တိမ်းရှောင်နေရ

စစ်ကိုင်းတိုင်း၊ဝက်လက်မြို့နယ်နဲ့ မန္တလေးတိုင်း စဉ့်ကူးမြို့နယ်တွေထဲ စစ်ကောင်စီက စစ်ကြောင်းထိုးတာ၊ လက် နက်ကြီး၊လက်နက်ငယ်တွေနဲ့ ရမ်းသန်းပစ်ခတ်တာတွေလုပ်နေလို့ ရွာနှစ်ဆယ်ဝန်းကျင်က ဒေသခံ ထောင်နဲ့ ချီ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ကာကွယ်ရေး အင်အားစုတွေနဲ့ ဒေသခံတွေကဆီကသိရပါတယ်။ “ဝက်လက်မှာကစစ်ရှောင်တွေကနေရာ အတည်တကျမရှိဘူး တောင်ကလာရင်မြောက်ပြေး မြောက်ကလာရင် [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ဝက်လက်အရှေ့ခြမ်းက စစ်ဘေးရှောင်တွေ အရေးပေါ် ဆေးဝါးလိုအပ်နေ

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်ထဲက ဝက်လက်မြို့နယ် အရှေ့ခြမ်းမှာရှိတဲ့ စစ်ကောင်စီရဲ့ စစ်ကြောင်းထိုးမှုတွေကြောင့် ထွက်ပြေးနေရတဲ့ ကျေးရွာတွေက စစ်ဘေးရှောင်တွေဟာ ဆေးဝါးတွေ အရေးပေါ်လိုအပ်နေတယ်လို့ စစ်ရှောင်ဒေသခံတွေက ပြောပါတယ်။ “ မွေးလူနာတွေလည်း ရှိနေတယ်၊ ပိုးထိတာကလည်း ၁၀ ယောက်မက ရှိနေတယ်။ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ဝက်လက်အရှေ့ခြမ်းက နေရပ်စွန့်ခွာပြေးနေရတဲ့ စစ်ရှောင်တွေ

ပြီးခဲ့တဲ့ နိုဝင်ဘာလပထမပတ်ထဲမှာ စစ်ကောင်စီရဲ့ စစ်ကြောင်းထိုးမှုတွေနဲ့နှစ်ဖက်တိုက်ပွဲတွေကြား ဝက်လက်မြို့နယ် အရှေ့ခြမ်းက ရွာပေါင်း ၄ ရွာလောက်ဟာ နေရပ်စွန့်ခွာပြီး ဘေးလွတ်ရာထွက်ပြေးနေရပါတယ်။ စစ်ကောင်စီတပ်တွေဟာ ကျေးရွာနေအိမ်တွေကို မီးရှို့ခဲ့တာကြောင့် ရွာ၄ ရွာက အိမ်ခြေ ၃၀၀ နီးပါးဟာ မီးလောင်ပျက်စီးခဲ့ပြီး [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ရှိမ်းမကားရွာမှာ နေအိမ်ပေါ်လက်နက်ကြီးကျလို့ ရွာခံတဦးသေဆုံး၊ ကလေးတဦး အပါအဝင် သုံးဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ် ရှိမ်းမကားကျေးရွာက နေအိမ်တအိမ်ပေါ်ကို လက်နက်ကြီးကျလို့ ရွာခံတဦး သေ ဆုံးပြီး နှစ်နှစ်အရွယ် ကလေးတဦးအပါအဝင် သုံးဦးထိခိုက်ဒဏ်ရာရခဲ့တယ်လို့ အဲ့ဒီရွာခံတဦးက DNA ကိုပြောပါတယ်။ ရှိမ်းမကားရွာတောင်ဘက်က နေအိမ်တအိမ်ပေါ်ကို နိုဝင်ဘာ (၇)ရက် ညရှစ်နာရီဝန်းကျင်မှာ လက်နက်ကြီး [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ဝက်လက်နယ်မှာ စစ်တပ်က ဂျက်ဖိုက်တာနှစ်စီး ရဟက်ယာဉ်လေးစီးနဲ့ ပစ်ခတ်တိုက်ခိုက်ပြီး ကျေးရွာ တချို့ကို စီးနင်း

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ ငါးပတ်ချောင်းကျေးရွာကို အကြမ်းဖက်စစ်တပ်က အောက်တိုဘာ ၈ ရက် နေ့လယ်ပိုင်းမှာ ဂျက်ဖိုက်တာနှစ်စီး၊ရဟတ်ယာဉ် လေးစီးနဲ့ ပစ်ခတ်တိုက်ခိုက်ပြီး စီးနင်းခဲ့တာကြောင့် ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်နဲ့ ပြည်သူတချို့သေဆုံးပြီး ပိတ်မိခဲ့တဲ့ ရွာခံပြည်သူတွေကိုလည်း ကယ်ထုတ်ခဲ့ရတယ်လို့ BLACK WOLF-ARMY က [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

လှတောရဲစခန်းကို လက်နက်ကြီးနဲ့တိုက်ခိုက်၊စစ်ကောင်စီတပ်သား လေးဦးသေဆုံး

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ်၊ လှတောကျေးရွာရဲစခန်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကို ဒေသခံမဟာမိတ်တပ်ဖွဲ့တွေက စက်တင်ဘာလ၂၇ ရက်ည (၁၀)နာရီဝန်းကျင်က (၆၀) မမ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Chindwin Attack Force ပြန်ကြားရေးတာဝန်ခံက DNA ကိုပြောပါတယ်။ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ဝက်လက်နယ်မှာ ပြည်သူတွေဆီက အဓမ္မငွေကြေးတောင်းနေတဲ့ စစ်ကောင်စီအဖွဲ့ ရေမြှုပ်မိုင်း နဲ့တိုက်ခိုက်ခံရ

စစ်ကိုင်းတိုင်း၊ ဝက်လက်နယ်မှာ ဧရာဝတီမြစ်အတွင်းသွားလာနေတဲ့ ပြည်သူတွေဆီက ခြိမ်းခြောက်ငွေတောင်းနေတဲ့ အဖွဲ့ကို ရေမြှုပ်မိုင်းနဲ့ တိုက်ခိုက်လို့ ရဲနဲ့ စစ်သားငါးဦးသေဆုံးတယ်လို့ တောကြီးမြွေပွေးအဖွဲ့က ထုတ်ပြန်ပါတယ်။ ဧရာဝတီမြစ်တွင်းမှာရှိတဲ့ ပြည်သူတွေဆီက အတင်းအဓမ္မငွေကြေးတောင်းယူနေတဲ့ စစ်ကောင်စီတပ်သား တွေ လိုက်ပါလာတဲ့ စက်လှေနှစ်စီးကို ဒီကနေ့မနက်ပိုင်းကတိုက်ခိုက်ခဲ့တာဖြစ်ပြီး [ဆက်လက်ဖတ်ရှုရန်]

No Picture
ဒေသအလိုက် သတင်းကဏ္ဍ

စစ်ကောင်စီက ရွာသာကြီးစံပြကျေးရွာကို ဝင်ရောက်ပစ်ခတ်လို့ အရပ်သား ခုနစ်ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်းဒေသကြီး ၊ ဝက်လက်မြို့နယ် အတွင်းမှာရှိတဲ့ ရွာသာကြီးစံပြကျေးရွာကို စစ်ကောင်စီတပ်တွေက လက်နက်ကြီးနဲ့ပစ်ခတ်တာတွေ မီးရှို့တာတွေလုပ်နေတယ်လို့ ဒေသခံ သတင်းအရင်းမြစ်တွေဆီက သိရပါတယ်။ “ရွှေဘိုဘက်ကနေ ၁၆ဘီးကားနဲ့ မနက်၅ခွဲ ၆ လောက်မှာ မောင်းလာတယ်၊ ပြီးတော့ ရွာသာကြီးရွာဝင်ပေါက်မှာ ပစ်ခံရတယ်၊ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

အလင်းဝင်မယ့် စစ်သားနဲ့ရဲတို့ကို ကျပ်သိန်း ၅၀ ချီးမြှင့်မယ်

အလင်းဝင်ချင်တဲ့ စစ်သားနဲ့ရဲတို့ကို ကျပ်သိန်း ၅၀ နဲ့အတူကြိုဆိုပြီး ပြည်သူ့ရင်ခွင်နဲ့ပါ ချိတ်ဆက်ပေး မယ်လို့ ဝက်လက်မြို့နယ် လူထုသပိတ်တိုက်ပွဲ ဦးဆောင်မှုကော်မတီက ဒီကနေ့ ထုတ်ပြန်လိုက်ပါတယ်။ ဇွန်လ ၂၄ ရက်နေ့မှာ ဝက်လက်အခြေခံပညာ ကျောင်းသားသမဂ္ဂအဖွဲ့ဝင်ကျောင်းသူ မသွန်းနံ့သာရဲ့ မိခင်ကိုဓားစားခံအဖြစ် [ဆက်လက်ဖတ်ရှုရန်]