နိုင်ငံရေး

ရန်ကုန်မြိုမှာ ပထမဆုံးကျဆုံးသွားတဲ့ပြည်သူတွေအတွက် လွမ်းဆွတ်ခြင်းလူထုလှုပ်ရှားမှု

ဖေဖော်ဝါရီ၊ ၂၈ စစ်အာဏာသိမ်းတာကို ငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်ရင်း စစ်တပ်ရဲ့ ပစ်ခတ်မှုတွေကြား ရန်ကုန်မြို့မှာ ကျဆုံးသွားသူတွေအတွက် လွမ်းဆွတ်ခြင်းလှုပ်ရှားမှုအနေနဲ့  သူတို့ရဲ့ရုပ်ပုံပါတဲ့ အင်္ကျီတွေကို ဝတ်ဆင်ရင်း ရန်ကုန်တော်လှန်ရေးအင်အားစုကလူငယ်တွေက လူထုလှုပ်ရှားမှုတခုလုပ်ခဲ့တာကို ဒီကနေ့ဖေဖော်ဝါရီ ၂၈ ရက်မှာထုတ်ပြန်လာပါတယ်။ စစ်အာဏာသိမ်းတာကိုဆန့်ကျင်တဲ့ နွေဦးတော်လှန်ရေးမှာ စစ်ကောင်စီတပ်တွေရဲ့ပစ်ခတ်မှုကြား ပထမဆုံးကျဆုံးသွားတဲ့ပြည်သူတွေဖြစ်တဲ့ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

စစ်တပ်က ကားနဲ့တိုက်ဖြိုခွင်းခဲ့တဲ့ ပန်းပင်နီလမ်းသပိတ် တနှစ်ပြည့်အတွက် လူထုလှုပ်ရှားမှုလုပ်

ပြီးခဲ့တဲ့ ၂၀၂၁ ဒီဇင်ဘာ ၅ ရက်နေ့မှာ ရန်ကုန်မြို့၊ ပန်းပင်ကြီးလမ်းမှာ စစ်အာဏာသိမ်းတာကိုဆန့်ကျင်ဆန္ဒပြနေတဲ့ လူငယ်တွေကို စစ်ကောင်စီတပ်တွေက ကားနဲ့တိုက်ဖြိုခွင်းခဲ့တာ ဒီကနေ့ ဆိုရင်တနှစ်တိတိပြည့်ပါပြီ။ အဲဒီနေ့မှာတော့ စစ်တပ်ရဲ့ အကြမ်းဖက်ဖြိုခွင်းမှုကြောင့် သပိတ်မှာပါဝင်တဲ့လူငယ်တချို့ကျဆုံးခဲ့ရသလို တချို့ကိုတော့စစ်ကောင်စီကဒီကနေ့အထိဖမ်းဆီးထောင်ချထားတယ်လို့တော်လှန်ရေးအင်အားစုကလူငယ်တွေက တနှစ်ပြည့်တဲ့ ဒီကနေ့မှာထုတ်ပြန်လာပါတယ်။ [ဆက်လက်ဖတ်ရှုရန်]