ဒေသအလိုက် သတင်းကဏ္ဍ

စစ်တပ်က ကားနဲ့တိုက်ဖြိုခွင်းခဲ့တဲ့ ပန်းပင်နီလမ်းသပိတ် တနှစ်ပြည့်အတွက် လူထုလှုပ်ရှားမှုလုပ်

ပြီးခဲ့တဲ့ ၂၀၂၁ ဒီဇင်ဘာ ၅ ရက်နေ့မှာ ရန်ကုန်မြို့၊ ပန်းပင်ကြီးလမ်းမှာ စစ်အာဏာသိမ်းတာကိုဆန့်ကျင်ဆန္ဒပြနေတဲ့ လူငယ်တွေကို စစ်ကောင်စီတပ်တွေက ကားနဲ့တိုက်ဖြိုခွင်းခဲ့တာ ဒီကနေ့ ဆိုရင်တနှစ်တိတိပြည့်ပါပြီ။ အဲဒီနေ့မှာတော့ စစ်တပ်ရဲ့ အကြမ်းဖက်ဖြိုခွင်းမှုကြောင့် သပိတ်မှာပါဝင်တဲ့လူငယ်တချို့ကျဆုံးခဲ့ရသလို တချို့ကိုတော့စစ်ကောင်စီကဒီကနေ့အထိဖမ်းဆီးထောင်ချထားတယ်လို့တော်လှန်ရေးအင်အားစုကလူငယ်တွေက တနှစ်ပြည့်တဲ့ ဒီကနေ့မှာထုတ်ပြန်လာပါတယ်။ [ဆက်လက်ဖတ်ရှုရန်]