နိုင်ငံရေး

နိုင်ကျဉ်းတွေကို ရိုက်နှက်လို့ ပုသိမ်ထောင်မှာ ဆန္ဒပြမှုဖြစ်ပြီး ပစ်ခတ်ဖြိုခွင်းနေ

ဧရာဝတီတိုင်း၊ ပုသိမ်အကျဉ်းထောင်မှာ  ဒီကနေ့ဇန်နဝါရီ ၆ရက်မနက်ပိုင်းက ထောင်တွင်း ဆန္ဒပြမှုတွေဖြစ်နေပြီးပစ်ခတ်မှုတွေပါရှိခဲ့တယ်လို့ အကျဉ်းထောင်နဲ့နီးစပ်သူတွေက DNA ကိုပြောပါတယ် ဒီကနေ့ မနက်ပိုင်းက ပုသိမ်ထောင်တွင်းမှာ နှစ်ရှည်ထောင်ကျနေတဲ့ နိုင်ငံရေး အကျဉ်းသား ၄ ဦးကို ထောင်ဝန်ထမ်းတချို့ကရိုက်နှက်မှုတွေလုပ်ခဲ့တာကြောင့် မနက် ၉နာရီဝန်းကျင်မှာ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

CDM ကျောင်းဆရာဦးကောင်းခန့်ကျော်ကို သေဒဏ်ချမှတ်တဲ့အပေါ် ပညာရေးအဖွဲ့တွေကန့်ကွက်

ဧရာဝတီတိုင်း၊ မြန်အောင်မြို့နယ်၊အထက(ခွဲ)ထိန်ပုတ်ကုန်းကျောင်းကမူလတန်းပြ CDM ကျောင်းဆရာ ဦးကောင်းခန့်ကျော်ကို စစ်ကောင်စီတရားရုံးက သေဒဏ်ချမှတ်လိုက်တဲ့အပေါ် ပညာရေးသမဂ္ဂအဖွဲ့ တွေက ကန့်ကွက်ကြောင်းထုတ်ပြန်လိုက်ပါတယ်။ ဆရာဦးကောင်းခန့်ကျော်ကိုတော့ ပြီးခဲ့တဲ့ ၂၀၂၁ အောက်တိုဘာလကတည်းက စစ်ကောင်စီက သပြေကုန်းရွာက စစ်ကောင်စီသတင်းပေးအသတ်ခံရမှုမှာ မသင်္ကာမှုနဲ့ဖမ်းဆီးသွားပြီး ၂၀၂၂ ဒီဇင်ဘာ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

CDMကျောင်းဆရာတဦးကို ဟင်္သာတခရိုင်တရားရုံးက သေဒဏ်ဆုံးဖြတ်ချက်ချ

(အမှားပြင်ဆင်ချက်) DNA မှာ ဒီဇင်ဘာ ၃၁ ရက်နေ့က ရေးထားတဲ့ ‘CDM ကျောင်းဆရာတဦးကို ဟင်္သာတခရိုင် တရားရုံးက သေဒဏ်ဆုံးဖြတ်ချက်ချ” ဆိုတဲ့ သတင်းမှာ (ဟင်္သာတခရိုင် တရားရုံးက တရားသူကြီး ဒေါ်အေးအေးခိုင်က) ဆိုတဲ့နေရာမှာ ( [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးအသတ်ခံရမှုနဲ့သံသယနဲ့အဖမ်းခံရတဲ့ NLD ပါတီဝင်တွေ ထောင်ဆယ့်ငါးနှစ်အချခံရ

ဧရာဝတီတိုင်း ပုသိမ်မြို့နယ် ကြောင်ပန်းကုန်းရွာမှာပြီးခဲ့တဲ့နှစ်အောက်တိုဘာလက စစ်ကောင်စီခန့် ရပ်/ကျေး အုပ်ချုပ်ရေးမှူး တဦး အသတ်ခံရမှုမှာ သံသယ နဲ့ အဖမ်းခံ ထားရတဲ့ NLD ပါတီဝင် ၇ ဦး ကို ပုသိမ် ထောင်တွင်း တရားရုံးက [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ဧရာဝတီတိုင်း အစိုးရရုံးတွေမှာ နှစ်သစ်ကူးပါဆယ်ဗုံးလက်မခံဖို့ သတိပေးတင်းကျပ်နေ

နှစ်သစ်ကူးကာလမှာ အစိုးရုံးတွေအနေနဲ့ ပါဆယ်ဗုံးတွေနဲ့ပတ်သက်ပြီး သတိရှိကြဖို့ စစ်ကောင်စီကလျို့ဝှက်ညွှန်ကြားချက်တစောင်ထွက်လာပြီးနောက်ပိုင်းမှာ ဧရာဝတီတိုင်းထဲက အစိုးရရုံးတွေအားလုံးမှာ လုံခြုံရေးတင်းကျပ်နေတယ်လို့ ဒေသခံတွေကပြောပါတယ်။   လာမယ့်နှစ်သစ်ကူးကာလမှာ နေပြည်တော်အပါအဝင် နိုင်ငံတဝန်းကအစိုးရရုံးတွေမှာစစ်ကောင်စီလက်အောက်ခံရုံးတွေကို ပါဆယ်ဗုံးနဲ့တိုက်ခိုက်လာနိုင်တယ်လို့ ပြီးခဲ့တဲ့ ၂၅ရက်ကစပြီးလျို့ဝှက်ညွှန်ကြားချက်တွေ စစ်ကောင်စီကထုတ်ပြန်နေတာလို့ဆိုပါတယ်။   ဒီညွှန်ကြားချက်ထွက်ပြီးနောက်ပိုင်းမှာ ဧရာဝတီတိုင်းထဲမှာ [ဆက်လက်ဖတ်ရှုရန်]

စီးပွားရေးကဏ္ဍ

ဧရာဝတီတိုင်းထဲက ဂဏန်းပျော့မွေးမြူရေးလုပ်ငန်းတွေ ရပ်တည်ဖို့ခက်ခဲလာ

အိမ်နီးချင်းနိုင်ငံတွေနဲ့ အာရှ၊ ဥရောပနိုင်ငံတချို့ကိုတင်ပို့ရောင်းချနေတဲ့  ဂဏန်းအရေပျော့ ရောင်းဝယ်ရေးလုပ်ငန်းဟာ စစ်အာဏာသိမ်းပြီးတဲ့နောက်ပိုင်း ကုန်စည်စီးဆင်းမှုနှောင့်နှေးတာတွေကြောင့်ပြည်ပဈေးကွက်မရှိသလောက်ဖြစ်လာပြီး ရပ်တည်ဖို့ခက်ခဲလာတယ်လို့ဧရာဝတီတိုင်းထဲကဂဏန်းအရေပျော့မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူတွေကပြောပါတယ်။ စစ်အာဏာသိမ်းမှုနောက်ဆက်တွဲ ကုန်စည်ပို့ဆောင်ရာမှာ ကြန့်ကြာပြီး စစ်ဆေးမှုတွေကြား ဂိတ်ကြေးတွေ အဆမတန်ပေးနေရတာတွေ အထွေထွေဝန်ဆောင်စရိတ်ကြီးမြင့်တာတွေကြောင့် လုပ်ငန်းလုပ်ကိုင်ဖို့ခက်လာပြီး  ပြည်ပဈေးကွက်မှာယူမှုတွေလျော့ကျသွားသလို ရပ်တည်ဖို့လည်းခက်လာတာဖြစ်တယ်လို့ ဆိုကြပါတယ်။  “ပြည်တွင်းဈေးကွက် [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ဝန်ကြီးချုပ် ၊ လွှတ်တော် ဥက္ကဌ အပါအဝင် ဧရာဝတီတိုင်း အစိုးရအဖွဲ့ကို ပြန်လွှတ်ပြီ

စစ်တပ်အာဏာသိမ်းတဲ့ ၂၀၂၁ ဖေဖေါ်ဝါရီ လ ၂ ရက်နေ့ကတည်းက ဖမ်းဆီးပြီး နေအိမ်အကျယ်ချုပ်ထားတဲ့ ဧရာဝတီတိုင်း အစိုးရအဖွဲ့ကို မနေ့ကနဲ့ ဒီနေ့မှာပြန်လွှတ်လိုက်ပြီလို့ ဧရာဝတီတိုင်းလွှတ်တော်ကိုယ်စားလှယ် တဦးက DNA ကို အတည်ပြုပြောပါတယ်။ “ဝန်ကြီးချုပ်ကို ဒီနေ့လွှတ်မယ် ၊ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

မော်ကျွန်းမှာပစ်ခတ်ပေါက်ကွဲမှုတွေဖြစ်ပြီးနောက် ဒေသခံသုံးဆယ်ကျော်ကိုစစ်တပ်ကစွပ်စွဲဖမ်းဆီးထား

ဧရာဝတီတိုင်း၊ မော်လမြိုင်ကျွန်း မြို့နယ်မှာ စစ်ကောင်စီသတင်းပေးဆိုသူတွေနဲ့  ပျူစောထီးအဖွဲ့ဝင်တချို့ ရက်ပိုင်းအတွင်းဆက်တိုက်ပစ်ခတ်ခံရပြီးနောက်ပိုင်း ဒေသခံ ၃၀ ကျော်ကို စစ်ကောင်စီက စွပ်စွဲဖမ်းဆီးထားတယ်လို့ မြို့ခံတွေကပြောပါတယ်။   ပြီးခဲ့တဲ့ ဒီဇင်ဘာ ၅ရက်နဲ့ ၈ရက်နေ့တွေမှာ ဆင်မဝဲချောင်းကျေးရွာက ပျူစောထီးခေါင်းဆောင်လို့ ဆိုတဲ့ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ပုသိမ်မှာ ဧည့်စာရင်းမတိုင်လို့ ဆိုပြီး စစ်တပ်က ဒေသခံသုံးဆယ်ကျော်ကို ဖမ်းပြီး တယောက်ငါးသောင်းတောင်း

ဧရာဝတီတိုင်း ပုသိမ်မြို့ မှာ မနေ့ ဒီဇင်ဘာ ၅ရက်ညပိုင်းက ပုသိမ်မြို့အမှတ် ၆ရပ်ကွက်ထဲကိုစစ်ကောင်စီနဲ့ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးတွေက ဧည့်စာရင်းဝင်စစ်ပြီးဒေသခံအယောက် ၃၀လောက်ကို ဖမ်းဆီးသွားတယ်လို့ မြို့ခံတွေကပြောပါတယ်။ ပုသိမ်မြို့မှာရှိတဲ့ ၆ ရပ်ကွက်ထဲက ရှိ ကုသိန္တာရုံ အတွင်းလမ်း က [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ဧရာဝတီမှာ နိုင်ငံကူးလက်မှတ်ထုတ်သူ သုံးဆနီးပါး မြင့်တက်လာ

စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်း ဧရာဝတီတိုင်းအတွင်းမှာ နိုင်ငံကူး လက်မှတ်လျှောက်သူဦးရေ အရင်ကထက် သုံးဆနီးပါးမြင့်တက်လာပြီး တနေ့ လူနှစ်ရာနှုန်းနဲ့ ထုတ်ပေးနေရတယ်လို့ အဲ့ဒီရုံးနဲ့နီးစပ်သူတွေဆီကသိရပါတယ်။ ဧရာဝတီတိုင်းအတွင်းမှာ အခုနှစ်ဆန်းပိုင်းကစပြီး နိုင်ငံကူး လက်မှတ်လျှောက်ထားသူမြင့်တက်လာကာ အရင်က တရက် လူဦးရေ ၇၀ ဝန်းကျင် [ဆက်လက်ဖတ်ရှုရန်]