ရန်ကုန်တောင်ပိုင်းခရိုင်၊ခရမ်းမြို့နယ်မှာ မူလတန်းကလေးတွေသာကျောင်းတက်အများဆုံးဖြစ်ကြောင်း သိရပါတယ်။ ခရမ်းတစ်မြို့နယ်လုံးအတိုင်းအတာအရ ကျောင်းအပ်နှံထားသူစုစုပေါင်း ၃၀၀၀ ကျော်ရှိပြီး တကယ်တမ်း ကျောင်းတက်ရောက်တာကတော့ ၂၂၀၀ ကျော်သာရှိခဲ့တယ်လို့ ဒေသတွင်းနွေဦးတော်လှန်ရေးစာမျက်နှာ ခရမ်းချန်နယ်က ဆိုပါတယ်။ မြို့ပေါ်ကျောင်းတွေဖြစ်ကြတဲ့ အ.ထ.က(၂)မြို့မ ကျောင်းမှာ ကျောင်အပ်နှံထားသူ ၁၄၁၇ ဦးရှိပြီး တကယ်တမ်းကျောင်းတက်သူဦးရေ၉၅၅ ဦးနဲ့ ခရမ်းမြို့ အ.ထ.က(၁)ကျောင်းမှာ ကျောင်းအပ်နှံထားသူ ၁၀၈၁ဦးရှိပြီး တကယ်တမ်းကျောင်းတတ်သူ ၉၂၃ ဦးသာရှိကြောင်းသိရပါတယ်။ အဲဒီစာရင်းတွေဟာခရမ်းမြို့နယ်ပညာရေးဌာန အထောက် တော်တစ်ဦးက ပေးပို့တဲ့ စိတ်ချရတဲ့ကိန်းဂဏန်း တွေဖြစ်တယ်လို့…
Read Moreရန်ကုန်တောင်ပိုင်းခရိုင်၊ခရမ်းမြို့နယ်ထဲက အကြမ်းဖက်သွေးသောက်အဖွဲ့ဟာ ကျောင်းတွေကို ဗုံးခွဲတိုက်ခိုက်တာမျိုး ပြုလုပ်လာနိုင်တာကြောင့် ပြည်သူတွေ သတိကြီးကြီးထားကြဖို့ ဒေသတွင်းနွေဦး တော်လှန်ရေးစာမျက်နှာ ခရမ်းချန်နယ်က တိုက်တွန်းလိုက်ပါတယ်။ အကြမ်းဖက်သွေးသောက်အဖွဲ့ဟာ ကျောင်းတေွနဲ့ ပြည်သူကိုပစ်မှတ်ထားတိုက်ခိုက်တာမျိုးတွေ လုပ်ဆောင်ကာ ခရမ်းပြည်သူနဲ့ ခရမ်းPDF ကြား အထင်အမြင်လွဲမှားအောင်ပြုလုပ်လာနိုင်တယ်လို့ ခရမ်းချန် နယ်ကဆိုပါတယ်။ ‘အခုခရမ်းချန်နယ်ကနေပြီး သွေးသောက်ခေါင်းဆောင်နဲ့အဖွဲ့ဝင်တွေကို စုံစမ်းဖော်ထုတ်ပြီး တယ်လီဂရမ်မှာ တင်ပေးထားတယ်။ပြီးတော့မှ သွေးသောက်တွေလုပ်လာနိုင်တာတွေကို သတိပေးအတွက် ခရမ်းချန်နယ်ရဲ့ စနစ်ကျမှုကို ကျေးဇူးတင်ရတယ်။သွေးသောက်တွေကို လူတွေကြားမြင်ရင် ခရမ်းပြည်သူတွေ သတိထားမိသွားတာပေါ့။ဒီကောင်တွေက ပြည်သူကိုလည်းမုန်းနေတာဆိုတော့…
Read Moreရန်ကုန်တောင်ပိုင်းခရိုင်၊ ခရမ်းမြို့၊ကရင်ကန်ဂိတ်မှာ လိုင်စင်မပါတဲ့ဆိုင်ကယ်စီးအမျိုးသားတွေကို သဲအိတ် ထမ်းခိုင်းနေတယ်လို့ သိရပါတယ်။ မေလ၂၂ရက်နေ့ကနေ ဒီနေ့အထိ ကရင်ကန်ဂိတ် ဖြတ်သန်းတဲ့ဆိုင်ကယ်တွေကို ဆိုင်ကယ်လိုင်စင်နဲ့ လူလိုင် စင်ပါ၊မပါ ဂိတ်စောင့်စစ်သားတွေက စစ်ဆေးကာ မပါလာတဲ့ အမျိုးသားတွေကို သဲအိတ်ထမ်းခိုင်းကြောင်း ဒေသတွင်းနွေဦးတော်လှန်ရေးစာမျက်နှာ ခရမ်းချန်နယ်ကဖော်ပြပါတယ်။ ‘ဒီနေ့အထိ လူ၂၀လောက် သဲအိတ်သယ်ခဲ့ရပြီးပြီ။လိုင်စင်မပါတဲ့ မိန်းကလေးတွေကိုတော့ မလုပ်ခိုင်းဘူး’လို့ ခရမ်းချန်နယ်ရဲ့ တာဝန်ရှိသူတစ်ဦးကပြောပါတယ်။ လိုင်စင်မပါတဲ့အမျိုးသားတွေဟာ ပေ၃၀ကျော်အကွာအဝေးကို အသွားအပြန်နှစ်ခေါက်ထမ်းရတယ်လို့ ခရမ်း ချန်နယ်ကဖော်ပြပါတယ်။ ‘အရင်တုန်းက လိုင်စင်မပါတာနဲ့ ဆိုင်ကယ်သိမ်းတာတွေပါ…
Read Moreရန်ကုန်တောင်ပိုင်းခရိုင်၊သန်လျင်မြို့နယ်၊ ပုဂံတောင်ကျေးရွာက ပျူစောထီးခေါင်းဆောင် နဲ့ အဖွဲ့ဝင် တွေရဲ့နေအိမ်ကို သန်လျင် ပကဖ က ဝင်ရောက်တိုက်ခိုက် ခဲ့တယ်လို့ သိရပါတယ်။ PDF တွေကို ရှင်းလင်းရေး လုပ်ဆောင်မယ်လို့ ကြွေးကြော်နေသလို စစ်တပ်က လက်နက် တပ်ဆင်ပေးထားတယ်လို့ ပြောကြားပြီး ပြည်သူကို ခြိမ်းခြောက်နေတဲ့ ပျူစောထီးခေါင်းဆောင်နဲ့ အဖွဲ့ဝင် တွေရဲ့ နေအိမ် (သို့မဟုတ်) ယာယီစခန်းငယ်တွေကို ဧပြီ ၂၅ ရက် ည ၁၁ နာရီ…
Read Moreရန်ကုန်တောင်ပိုင်းခရိုင်၊ခရမ်းမြို့ပေါ်မှာ လိုင်စင်မပါဘူးဆိုတဲ့အကြောင်းပြချက်နဲ့ လူ၅ဦးနဲ့ ဆိုင်ကယ်အစီး၃၀ လောက် ဖမ်းဆီးထားကြောင်းသိရပါတယ်။ ဧပြီလ ၂၂ ရက်နေ့ကစတင်ကာ ဆိုင်ကယ်နဲ့ ကားလိုင်စင် မပါဘူးဆိုတဲ့အကြောင်းပြချက်နဲ့ ဖမ်းဆီး နေခြင်းဖြစ်ပြီးမနေ့ကတစ်ရက်တည်းနဲ့ ဆိုင်ကယ်အစီး၃၀လောက် ဖမ်းဆီးခံရတာပါ။ ဒီနေ့မနက်အစောပိုင်းမှာလည်းခရမ်းမြို့၊ ငှက်ကျောင်းလမ်းမှာ ပြည်သူတစ်ဦးစီးလာတဲ့ ဆိုင်ကယ်ဖုံတက်နေတယ်ဆိုပြီး ဒဏ်ငွေနှစ်သောင်းပေးဆောင်ခိုင်းရာ ကြောက်ပြီးပေးခဲ့ရတယ်လို့ ဒေသတွင်း နွေဦးတော်လှန်ရေးစာမျက်နှာ ခရမ်းချန်နယ်ကဖော်ပြပါတယ်။ အကြမ်းဖက်စစ်တပ်ဟာ ဒီနေ့တနေကုန် ဌက်ကျောင်းလမ်းမှာ လာသမျှကားနဲ့ဆိုင်ကယ်တွေကိုစစ်ဆေးနေ ပြီး ဒီကနေ့ ဖမ်းဆီးခံရမှုအခြေအနေကို မသိသေးပါဘူး။ ‘ဖမ်းထားတဲ့ ၅…
Read Moreရန်ကုန်တောင်ပိုင်းခရိုင်၊ခရမ်းမြို့နယ်အတွင်း စစ်ကားချောင်းထဲ ထိုးကျခဲ့တဲ့ဖြစ်စဉ်မှာ ဗိုလ်မှူးတစ်ဦးအပါအဝင်စစ်သား၅ဦးသေဆုံးခဲ့တယ်လို့သိရပါတယ်။ ဒီနေ့မနက် ၅ နာရီလောက်က ခရမ်းမြို့နယ်၊ကမာကလူကျောက်တံတားအရောက်စစ်ကားချောင်းထဲထိုးကျခဲ့ခြင်းဖြစ်ပြီး ကားခေါင်းခန်းကယာဉ်မောင်းစစ်သားနဲ့ ဗိုလ်မှူး၊ကားနောက်ခန်းမှာလိုက်ပါလာသူတွေထဲက စစ်သား၃ဦး သေဆုံးခဲ့ပြီး ဒဏ်ရာရစစ်သား၃ဦးရှိတယ်လို့ တပ်တွင်းသတင်းပေးပို့ချက်အရသိရကြောင်း ဒေသတွင်း နွေဦးတော်လှန်ရေးစာမျက်နှာ ခရမ်းချန်နယ်ကဖော်ပြပါတယ်။ ဗိုလ်မှူးအပါအဝင်၃ဦးမှာ နေရာမှာတင်ပွဲချင်းပြီးသေဆုံးခဲ့ပြီး ၂ဦးမှာ ခရမ်းဆေးရုံရောက်မှ သေတယ်လို့ သိရပါတယ်။ ‘ချောင်းကရေနက်ပါတယ်။ မြေတူးစက်တွေနဲ့ တူးထားတာသိပ်မကြာသေးပါဘူး။ကားကဆယ်ပြီးပါပြီ။လက် ရှိမှာ ရေထဲကျသွားတဲ့ သေနတ်တွေလိုက်ရှာနေတယ်’လို့ ခရမ်းမြို့ပေါ်နေတက်ကြွလူငယ်တစ်ဦးကပြောပါ တယ်။ ဒဏ်ရာရစစ်သားတွေကို ဒီနေ့မနက်၁၀နာရီလောက်က ရန်ကုန်ကို ဆေးရုံကားနဲ့…
Read MorePDFတွေရဲ့ ထိရောက်တဲ့ တိုက်ခိုက်မှုတွေကို အကြိမ်ကြိမ်ခံနေရတဲ့ ရန်ကုန်တောင်ပိုင်းခရိုင်၊ ခရမ်းသုံးခွမြို့ပေါ်တွေမှာ အကြမ်းဖက်စစ်တပ်ကင်းပုန်းတွေ ပိုက်စိပ်တိုက်ချထားတယ်လို့ သိရပါတယ်။ ခရမ်းမြို့ပေါ်က နေရာတိုင်းလိုလိုမှာ နေ့စဉ် စစ်တပ်ကင်းပုန်းတွေရှိနေပြီး ကင်းပုန်းနေရာတစ်နေရာမှာ စစ်သားတစ်ယောက်(သို့မဟုတ်)နှစ်ယောက် ကင်းပုန်းချထားတယ် ၊ တချို့ကင်းပုန်းနေရာတွေမှာ အရပ်ဝတ်တွေနဲ့ ရှိနေကာ သာမန်ပြည်သူပုံစံ အယောင်ဆောင်ထားပြီး ကင်းပုန်းအများဆုံးချထားတဲ့နေရာမှာ ခရမ်းမြို့ ၊ မင်းလမ်းထဲမှာ ဖြစ်ကြောင်း ဒေသတွင်းနွေဦးတော်လှန် ရေးစာမျက်နှာ ခရမ်းချန်နယ်က ဖော်ပြပါတယ်။ ကင်းပုန်းချထားတာကို သိရှိတာနဲ့တစ်ပြိုင်နက် ပြည်သူတွေက သတင်းပေးထားပြီးဖြစ်လို့…
Read Moreရန်ကုန် တောင်ပိုင်းခရိုင်၊ သန်လျင်မြို့နယ် ၊သပြေကန်ကျေးရွာ ရဲစခန်းကို သန်လျင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ပကဖ) က မီးရှို့ဖျက်ဆီးခဲ့ကြောင်းသိရပါတယ်။ ယမန်နေ့ ည ၁၁ နာရီ ၁၀ မိနစ်လောက်မှာသပြေကန်ကျေးရွာ ရဲစခန်းကို မီးရှို့ဖျက်ဆီးခဲ့ပြီးနောက် စစ်အုပ်စုခန့် ထောက်တိုင် အုပ်ချုပ်ရေးမှူး ကျော်မင်း ရဲ့နေအိမ်ရှေမှာ သေနတ်နဲ့ ၅ ချက်တိတိပစ်ဖောက် သတိပေးခဲ့ကြောင်း သန်လျင် ပကဖက ထုတ်ပြန်ပါတယ်။ သန်လျင်မြို့နယ်အတွင်းရှိ စစ်အုပ်စုခန့် အုပ်ချုပ်ရေးမှူးတွေ၊ သန်လျင်မြို့ရှိ အုပ်ချုပ်ရေးဒေါက်တိုင်များ အားလုံး နှုတ်ထွက်ကြထို့…
Read Moreရန်ကုန်တောင်ပိုင်းခရိုင်၊ ခရမ်းမြို့နယ်၊ ဘုရားပျိုကျေးရွာရဲစခန်းအတွင်း ဒီနေ့မွန်းလွဲပိုင်းက ဗုံး၃လုံး ပေါက်ကွဲခဲ့တယ်လို့ သိရပါတယ်။ ခရမ်းမြို့ ဘုရားပျိုကျေးရွာ ရဲစခန်းအတွင်း ဒီနေ့မွန်းလွဲ တစ် နာရီခွဲလောက်က ဗုံး ၃ လုံး ပေါက်ကွဲခဲ့ပြီး ခဏအကြာမှာ သေနတ်ပစ်သံတွေ အချက်ပေါင်းမနည်း ထွက်ပေါ်လာခဲ့ကြောင်း ဒေသတွင်းနွေဦးတော်လှန်ရေးစာမျက်နှာ ခရမ်းချန်နယ်ကဖော်ပြ ပါတယ်။ ထွက်ပေါ်လာတဲ့ သေနတ်သံဟာ အပြန်အလှန်ပစ်ခတ်မှုလို့ယူဆကြောင်း ခရမ်းချန်နယ်ကဆိုပါတယ်။ ‘အခုအချိန်ထိတော့ ထိခိုက်မှုသတင်းမကြားရသေးဘူး။သိရတာက လက်ပစ်ဗုံးနဲ့ရဲစခန်းထဲလှမ်းပစ်ထည့် ပြီး မှ အပြန်အလှန်ပစ်ကြတာ။ဗုံး၃လုံးစလုံး ရဲစခန်းထဲကျတယ်’လို့…
Read Moreရန်ကုန်တောင်ပိုင်းခရိုင်၊ကျောက်တန်းမြို့နယ်၊မီးပြရွာမှာ အကြမ်းဖက်စစ်သားချင်းပစ်ခတ်မှုဖြစ်ပွားပြီး တစ်ဦးသေဆုံးခဲ့တယ်လို့သိရပါတယ်။ အကြမ်းဖက်စစ်တပ် စခန်းချထားတဲ့ မီးပြရွာအတွင်းယမန်နေ့ နေ့ခင်း ၁၂ နာရီ ခွဲလောက်က အကြမ်းဖက်စစ်သား ချင်း ရန်ဖြစ်ကာ အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ရာ စစ်သားတစ်ဦး ကျည်ထိမှန်ပြီး အရေးပေါ် ဆေးရုံတင်လိုက်ရကြောင်းဆေးရုံရောက်ပြီးမကြာခင် သေဆုံးသွားခဲ့ကြောင်းဒေသတွင်းနွေဦးတော်လှန်ရေးစာမျက်နှာ ခရမ်းချန်နယ်က ဖော်ပြပါတယ်။ မီးပြရွာအနီးရှိ ဇွဲဘာရွာသားတစ်ဦးက ‘မီးပြရွာဆိုတာက ပင်လယ်ဝနားဆိုတော့ စစ်ခွေးတွေ စခန်းလာချပြီး ဒုက္ခပေးနေတာ။ငါးဖမ်းလှေတွေ ငါးခြောက်ဆိုင်တွေ ဆီကနေ ဆက်ကြေးတောင်း၊ရွာသားတွေကို ရန်ရှာနဲ့ အခုသူတို့ချင်းဖြစ်တော့ သေတာအေးတာပေါ့’လို့ ဆိုပါတယ်။မီးပြရွာဟာ…
Read More