ပုဂံတောင်က ပျူစောထီးအိမ်တွေကို သန်လျင်ပကဖ တိုက်ခိုက်

ရန်ကုန်တောင်ပိုင်းခရိုင်၊သန်လျင်မြို့နယ်၊ ပုဂံတောင်ကျေးရွာက ပျူစောထီးခေါင်းဆောင် နဲ့ အဖွဲ့ဝင် တွေရဲ့နေအိမ်ကို သန်လျင် ပကဖ က ဝင်ရောက်တိုက်ခိုက် ခဲ့တယ်လို့ သိရပါတယ်။
PDF တွေကို ရှင်းလင်းရေး လုပ်ဆောင်မယ်လို့ ကြွေးကြော်နေသလို စစ်တပ်က လက်နက် တပ်ဆင်ပေးထားတယ်လို့ ပြောကြားပြီး ပြည်သူကို ခြိမ်းခြောက်နေတဲ့ ပျူစောထီးခေါင်းဆောင်နဲ့ အဖွဲ့ဝင် တွေရဲ့ နေအိမ် (သို့မဟုတ်) ယာယီစခန်းငယ်တွေကို ဧပြီ ၂၅ ရက် ည ၁၁ နာရီ ၁၆ မိနစ်လောက်မှာ သန်လျင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ပကဖ) က ပစ်ခတ်တိုက်ခိုက် ခဲ့ကြောင်း ဒေသတွင်းနွေဦးတော်လှန်ရေးစာမျက်နှာ ခရမ်းချန်နယ်ကဖော်ပြပါတယ်။
ထိခိုက်မှု အခြေအနေကို အတိကျမသိသေးပေမဲ့ အပျက်အစီးများပြီး သေဆုံးဖို့ ရှိနိုင်တယ်လို့ တိုက်ပွဲဝင် တပ်ဖွဲ့ဝင်တစ်ဦးက ပြောကြောင်း ခရမ်းချန်နယ်ကဖော်ပြပါတယ်။
‘ပုဂံတောင်ကရတဲ့သတင်းကတော့ ပျူတွေသေတယ်တဲ့။ဘယ်လောက်သေသလဲကတော့ သူတို့လည်း သွား မကြည့်ရဲလို့ မသိဘူး’လို့ သုံးခွမြို့နယ်၊သူဌေးကွင်းရွာနေ ပြည်သူတစ်ဦးကပြောပါတယ်။
ကျန်ရှိနေသေးတဲ့ ပျူစောထီး အဖွဲဝင်တွေကိုလည်းအနှေးနဲ့အမြန်တိုက်ခိုက် ချေမှုန်း သွားမယ်လို့ သန်လျင်ပကဖ တာဝန်ရှိသူတစ်ဦးက ပြင်းပြင်းထန်ထန်သတိပေးလိုက်ကြောင်း လည်း ခရမ်းချန်နယ်ကဖော်ပြပါတယ်။