ဂန့်ဂေါမြို့နယ်မြောက်ပိုင်း၊ ယောနယ်က ဆန်တွေကို တခြားဒေသတွေကို သယ်ယူပို့ဆောင်မှုတွေ မပြုလုပ်ဖို့ ဒေသကာကွယ်ရေး အဖွဲ့တွေက ပိတ်ပင်လိုက်တယ်လို့ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေဆီက သိရပါတယ်။ အခုလိုပိတ်ပင်တာဟာ အကြမ်းဖက်စစ်တပ်ဘက်က စစ်ကြောင်းထိုးပြီး ဖြတ် ၄ ဖြတ်လုပ်ခဲ့ရင် အဆင်သင့်ဖြစ်စေအောင်နဲ့ တန်ပြန်တာတွေ လုပ်ဆောင်နိုင်အောင် အခုလိုပိတ်ပင်ရတာဖြစ်တယ်လို့ ကန်ရွာအုပ်စု ကာကွယ်ရေးအဖွဲ့ဝင်တစ်ဦးက ဆိုပါတယ်။ “ဖြတ်လေးဖြတ်က ဘယ်တော့ဝင်မယ်ဆိုတာ မသိနိုင်ဘူး။ ပြီးတော့ ကျွေးမွေးထောက်ပံ့ရတဲ့ စစ်ဘေးရှောင်တွေရှိတယ်။ စစ်ကောင်စီတပ်တွေ စစ်ကြောင်းထိုးပြီး ဖြတ်လေးဖြတ်သုံးလာရင် အဆင်သင့်ဖြစ်အောင်ပါ။ ကိုယ့်မှာ…
Read More